Chapter (31)

2K 225 0
                                    

Unicode

ကန့်လန်ကာများကို မဆွဲချထားသောကြောင့် နာမည်ကြီး အများအပြားက ဓာတ်ပုံများရိုက်ခံခဲ့ရသည်။ ယခု ဖုန်ဇီအန်နှင့် ချောင်ဟန်တို့အတွက်လည်း အတူပင်ဖြစ်သည်။

ဓါတ်ပုံသုံးပုံကို ဆန့်ကျင်ဘက်အထပ်ကနေ ရိုက်ထားတာ သိသာထင်ရှားပြီး တစ်ပုံးချင်စီက တစ်ခုထက်တစ်ခုပို အံ့သြစေတယ်။

ပထမပုံတွင် ဖုန်ဇီအန်နှင့် ချောင်ဟုန်တို့သည် ဧည့်ခန်းထဲတွင် ပွေ့ဖက်နမ်းရှုံ့နေကြသည်၊ ဒုတိယပုံတွင် ချောင်ဟုန်၏လက်က ဖန်ဇီအန်၏အဝတ်များထဲသို့ ထည့်ထားပြီး အဝတ်အစားများကိုချွတ်နေသည်၊ တတိယပုံသည် ချောင်ဟုန်ကပွေ့ချီထားသောပုံဖြစ်သည်။ ဖန်ဇီအန်နှင့်အခန်းထဲသို့ဝင်တော့မည်ထင်သည်။

ဒါကိုကြည့်ပြီးနောက် မုရှင်းယုက ကျိုးဟိုင်ကို ချက်ချင်းဖုန်းဆက်ပြီး " ကျတော် ဗီဒီယိုကို လိုချင်တယ်၊ ဘယ်လောက်ပေးရမလဲ "

" ဈေးကနှစ်ဆတိုးမယ်၊ ​​မင်းဘယ်လိုထင်လဲ၊ မုရှောင် "

" ကောင်းပြီ ကျတော် ခင်ဗျာကို ပိုက်ဆံပေးမယ် " မုရှင်းယုက ရိုးရိုးရှင်းရှင်းပဲ ကျိုးဟိုင်ဆီကို ပိုက်ဆံလွှဲပေးလိုက်ပြီး ကျိုးဟိုင်က ပစ္စည်းအားလုံးကို ပို့ပေးလာတယ်။

" မင်းဘာကြည့်နေတာလဲ? " ကုယွမ်ကျိုးရေချိုးပြီးသည်နှင့် အဝတ်အစားကိုဝတ်ကာ ထွက်လာတော့ မုရှင်းယုကိုမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ဝှီချဲလ်ကို ဆန့်ကျင်ဘက်အခန်းသို့တွန်းပြီးဝင်လာတော့ မုရှင်းယုသည် မောက်စ်ဖြင့်တစ်ခုခုနှိပ်နေတာကို တွေ့လိုက်ရသည်။

" မစ္စတာကု ကျတော် စီစဥ်ထားပြီးပြီလို့ ခင်ဗျားကို ငါပြောခဲ့တယ် မဟုတ်လား ဒါက ကျတော်ရခဲ့တဲ့ အဖြေပဲ " မုရှင်းယုက ဒေါင်းလော့လုပ်ထားတဲ့ ဓာတ်ပုံတွေကို ကုယွမ်ကျိုးကို ပြလိုက်တယ်။

ကုယွမ်ကျိုးက အဲဒါကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ " မကြည့်နဲ့ ကျန်တာကို ကိုယ်ကိုင်တွယ်လိုက်မယ် "

" ဒါကို ခင်ဗျားကိုင်တွယ်ပေးမှာလား? "

" ဟုတ်တယ်၊ ကိုယ် ဒီကိစ္စကို သေသေချာချာ ဂရုစိုက်လိုက်မယ် " ကုယွမ်ကျိုးက ပြောသည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now