Chapter (15)

2.4K 307 5
                                    


ကုယွမ်ကျိုး သူ၏ နေ့လည်စာ စားချိန် အပြီးတွင် ချာလီသည် သူ့အား ခြေထောက် နှိပ်နယ်ပေးရန် ရောက်လာသည်။

" မင်းကဘာလို့လဲ?" ကုယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

" တခြားသူမရှိဘူးလား? " ကုယွမ်ကျိုးက မေးတယ်။

မုရှင်းယုသည် အရင်က ကုယွမ်ကျိုးကို နှိပ်ခဲ့ဖူးတာကို ချာလီက ရုတ်တရက် သတိရသွားပြီး မစပ်စုဘဲ မနေနိုင် ဖြစ်နေတယ်။

" မင်းက မုရှင်းယု လာလိမ့်မယ်လို့ထင်နေလား? "

ကုယွမ်ကျိုးက အေးစက်တဲ့ မျက်နှာနဲ့ စကား ပြောတယ်။

ချာလီက ပိုပိုပြီးတော့ စိတ်ဝင်တစား ဖြစ်လာပြီး " မင်း သခင်လေးမု ကိုအရမ်း စိတ်ဝင်စား နေပုံရတယ် "

" ပေါက်ကရ ပြောနေတာတွေ ရပ်လိုက်တော့! "

" လာပါ မင်းရှင်းပြချင်မယ်ထင်တယ်၊ အမ်း ဒီမှာ ဓလေ့သုံးစကား ရှိတယ် " ချာလီဟာ တရုတ်လို အရမ်းချော်တယ်၊ လူတွေက သူ့ကို နိုင်ငံခြားသား တစ်ယောက်အနေနဲ့ လျစ်လျူရှုထားတယ်၊ ဒါပေမယ့်သူကကျယ်ပြန့်လေးနက်တဲ့ ဓလေ့သုံးစကားတွေ ကိုဂရုမပြုနိုင်သေးဘူး။

ကုယွမ်ကျိုးသည် ရစ်ချတ်ကို မဖမ်းဘဲ၊ မုရှင်းယုဘယ်ရောက် နေလဲဆိုတာ စူးစမ်းနေမိသည်။ ဒါမှမဟုတ် သင်း သူ့ဆီကနေ ပုန်းနေတာလား?။

စကားပြောနေစဉ် ချာလီသည် ကုယွမ်ကျိုး၏ ခြေထောက်များကိုပွတ်သပ် ပေးနေသည်။ " မင်း မေ့မြောနေတဲ့အချိန်က မုရှင်းယု မင်းကို ဂရုစိုက် ခဲ့တာကို မင်းသိမှာမဟုတ်ဘူး "

" အတိအကျ " ကုယွမ်ကျိုးက ပြီးပြည့်စုံတဲ့ စကားနှစ်လုံးကို ပြောလိုက်တယ်။

ချာလီက ကုယွမ်ကျိုးနှင့် သိတာကြာပြီး သူက ကုယွမ်ကျိုးရဲ့ ဒေါသကို နားလည်နှင့်နေပြီးသာ။ သူက သိချင်နေတာ ထင်ရှားပေမယ့် အေးစက်ချင် ယောင်ဆောင်နေတယ်။

" သူပထမဆုံး ရောက်လာ တုန်းကဆို သူတို့မူလက သူ့အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးခဲ့တယ်။ သူကမင်းကို ဂရုစိုက်ဖို့ အချိန်မကုန်အောင် မင်းနဲ့အတူ အိပ်ဖို့ အခိုင်အမာကို ပြောခဲ့တယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now