Chapter (46)

1.5K 190 1
                                    


( Unicode )

မုရှင်းယု မျက်လုံးများကိုဖွင့်လိုက်ပြီးနောက်မှာ အန်တီချူ၏ ဝမ်းသာသောအသံကိုကြားလိုက်ရသည် " မုရှောင်! နောက်ဆုံးတော့ မင်းနိုးလာပြီ! "

" အန်တီချူး..." မုရှင်းယုက မူးဝေနေပြီး လက်ထောက်ကာ ထထိုင်လိုက်သည်။ အန်တီချူးက သူ့ကို အလျင်အမြန် ကူလိုက်ပြီး သူ့နောက်မှာ ခေါင်းအုံးကိုထားပေးလိုက်တယ်။

" မုရှောင် ဘယ်လိုခံစားရလဲ? အဆင်မပြေတာရှိသေးလား? "

" ကျတော် ဘာဖြစ်သွားတာလဲ? " မုရှင်းယုက အနည်းငယ်မူးဝေနေပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။

" မင်း အရမ်းပင်ပန်းပြီး စိုးရိမ်စိတ်ကြောင့် မူးလဲသွားတာ " အန်တီချူး၏မျက်လုံးတွေမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေတယ်။

မုရှင်းယုက သူခွဲစိတ်ခန်းထဲမှာ မူးလဲသွားတာကို တွေးလိုက်မိသောအခါ သူကချက်ချင်း ကုတင်ပေါ်ကနေဆင်းချင်ပြီး " ကျတော် ယွမ်ကျိုးကိုသွားကြည့်ရမယ်! "

" မုရှောင် စိတ်မပူပါနဲ့ မစ္စတာကုက အန္တရာယ် ကင်းသွားပါပြီ " အန်တီချူက သူ့ကိုအမြန်ပြန်ဆွဲကာ ပြောလိုက်သည်။

" မဟုတ်ဘူး ကျတော်စိတ်ပူတယ် " မုရှင်းယုက ကုတင်ပေါ်ကဆင်းတော့မယ်။

ချာလီဝင်လာသောအခါတွင် အန်တီချူး တားဆီးနေသည့်ကြားမှ မုရှင်းယုသည် ကုတင်ပေါ်မှ ဆင်တော့မည်ကို သူမြင်လိုက်ရသည်။

သူက ကမန်းကတန်း ရှေ့သို့ တိုးကာ " မုရှောင်! အပျော်မလုပ်နဲ့! အီသန်ကခုထိ အိပ်ရာထဲမှာရှိနေတုန်! မင်းဆက်အိပ်နေသင့်တယ် မထင်ဘူးလာ? "

မုရှင်းယုသည် ချာလီ၏မေးခွန်းကြောင့် စကားမပြောနိုင်တော့ဘဲ ကုတင်ပေါ်ပြန်ထိုင်ကာ " ဘာလို့ဒီကိုရောက်နေတာလဲ? " သူမမေ့လဲခင်က ချာလီကိုမမြင်မိပါဘူး။

" အီသန်မှာ မတော်တဆမှုကြီးကြီးမားမားဖြစ်ခဲ့တယ်၊ မစ္စတာကုက အဲဒီအကြောင်းကြားတာနဲ့ အမြန်လာခဲ့တာ။ ငါက မစ္စတာကုနဲ့ အတူ လိုက်လာခဲ့တာ " လို့ ချာလီက ရှင်းပြတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now