Chapter (13)

2.5K 312 13
                                    


မုရှင်းယုသည် အခန်းထဲသို့ လျှောက်လာတယ်။

မမျှော်လင့်ဘဲ ကုယွမ်ကျိုသည်
macbook ကို ဖွင့်ကာ သတင်းအချက်အလက် များကို ကြည့်နေသည်။

သူနိုးလာပြီး သူ့ရဲ့ ကွေးညွှတ်လို့ မရတဲ့ လက်များဖြင့် ကီးဘုတ်ကို ဖြည်းဖြည်းချင်း နှိပ်နေတယ်။

" မစ္စတာကု ခင်ဗျားက နိုးလာပေမယ့် အခုကောင်းကောင်းအနားယူသင့်တယ် " မုရှင်းယုက မနေနိုင်ဘဲ ပြောလိုက်သည်။

ကုယွမ်ကျိုးသည် ခေါင်းကိုမော့လိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် မုရှင်းယုကို ကြည့်လိုက်တယ်။ မုရှင်းယုက သူ့၏ လည်ပင်းကို ကျုံ့သွားစေတယ်။

နည်းလမ်းမရှိဘူး, ကုယွမ်ကျိုးရဲ့ ဂုဏ်သတင်တွေက သူရဲ့ နှလုံးသားထဲမှာ အချိန်ကြာမြင့်စွာ စုဆောင်းခဲ့ပြီး ထိုမျက်လုံးများက သူ့ကိုကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက် လာတယ်လို့ ခံစားလိုက်ရတယ်။

" ကျ ... ကျတော်လည် ခင်ဗျား ကောင်းဖို့ အတွက် လုပ်ရတာပါ "
မုရှင်းယုက ခါးသက်စွာ ပြောတယ်။

နောက်ဆုံးမှာ ကုယွမ်ကျိုးက ပြောလာတယ် " မင်း ... အမြဲတမ် .... ကိုယ့်ကို ဂရုစိုက် ပေးခဲ့တာလာ? "

ကုယွမ်ကျိုးက စိတ်မသက်မသာ ပြောနေတုန်းဘဲ ဒါပေမယ့် သူ့ရဲ့ အစွမ်းထက်တဲ့ အော်ရာကိုတော့ မသက်ရောက်စေခဲ့ဘူး။

မုရှင်းယုသည် နည်းနည်းလေးမှ မလှည့်စားရဲဘူး။ သူက ရိုးသားစွာ ပြန်ပြောလိုက်တယ်။

" မဟုတ်ဘူး အဲ့တာက ဇန်နဝါရီလ ကစခဲ့တာပါ "

" အင် " ကုယွမ်ကျိုးက macbook ကိုဆက်ကြည့်နေသည်။

မုရှင်းယုက မျက်မှောက်ကြုတ် လိုက်တယ်။ သူက လက်တောစ့်ကို ယူပြီး အဝေးမှာ ထားလိုက်ချင်တယ်။ ဒါပေမယ့် အဲ့ဒါက သူ့အတွေး သက်သက်ဘဲ။

ကံကောင်းထောက်မစွာ တစ်စုံတစ်ယောက်က မကြာခင်မှာဘဲ တံခါးခေါက်လာတယ်။ မုရှင်းယုသည် တံခါးကိုဖွင့်လိုက်တော့ အန်တီချူးက ပြောင်းဆန်ယာဂု နှင့်အတူ ရောက်လာတာကိုတွေ့လိုက်ရတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now