Chapter (44) (Unicode)

1.3K 204 2
                                    

(Unicode)


နောက်တစ်နေ့တွင် မုရှင်းယုနဲ့ရှောင်ဝမ်တို့သည် ကိုယ်ပိုင်လေယာဉ်ဖြင့် **သို့ပြန်လာခဲ့ကြသည်။ မုရှင်းယုက ကုယွမ်ကျိုးကို လာကြိုဖို့မပြောတော့ဘဲ ကုအိမ်သို့သာ တိုက်ရိုက်ပြန်လာခဲ့သည်။

ဘာလို့ဆို မနက်ဖြန်သူ လန်ဒန်ကိုသွားရမှာဖြစ်လို့ ပြန်လာတဲ့အခါ အဖွဲ့ကနေ ယူလာတဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီး လန်ဒန်အတွက် နေ့စဥ်လိုအပ်တဲ့ ပစ္စည်းအားလုံးကို အန်တီချူးနှင့်အတူ ထုတ်ပိုးလိုက်တယ်။

သူက မနက်ဖြန်မနက်တွင် လန်ဒန်ကိုသွားရမှာဖြစ်ပြီး ထိုနေရာတွင် တစ်ရက်နှင့်တစ်ည တည်းခိုရနိုင်ဖွယ်ရှိတာကြောင့် အဖွဲ့ထံသို့ ပစ္စည်များစွာယူသွားခြင်းမရှိပေ။ အဝတ်တစ်စုံနှင့် အနီးကပ်အဝတ်စားမှလွဲ၍ ခရီးစဉ်အတွက် အဝတ်အစားအားလုံးကို W&W မှစာချုပ်ချုပ်ထားသောကြောင့် သူ မယူသွားတော့ပေ။

သူသည် ယခုပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် ပြောရေး ဆိုခွင့်ရှိသူ၏ တာဝန်များကို ကျေပွန်ရမည်ဖြစ်သည်။

ထုပ်ပိုးပြီးတာနဲ့ အချိန်တွေကုန်သွားတယ်။

သူကရင်းနှီးသော ကားသံကို ကြား၍ အမြန်ပြတင်ပေါက်မှတဆင့် ကြည့်လိုက်တော့ ကုယွမ်ကျိုးရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။

သူက ဧည့်ခန်ဆီ အမြန်ပြေးသွားပြီး ကုယွမ်ကျိုးဝှီးချဲလ်နှင့် ဝင်လာတာကိုတွေ့တော့ သူပြံးပြံးလေးနဲ့ပြောလိုက်တယ် " ယွမ်ကျိုး ခင်ဗျားပြန်လာပြီး! "

" အွန် " ကုယွမ်ကျိုးကလည်းပြုံပြတယ်။ သူကတစ်လခွဲကျော်ကြာအောင် မုရှင်းယုကို မတွေ့ခဲ့ရဘဲ ဗီဒီယိုကနေတစ်အဆင့်ဘဲ စကားပြောနိုင်ခဲ့သည်။ အခုမုရှင်းယုကိုတွေ့တော့ သူဘယ်လောက်ပျော်နေလဲဆိုတာမပြောပြတက်ဘူး။

" ခင်ဗျားကဘာလို့ ဝှီးချဲလ်ပေါ်ထိုင်နေတုန်လဲ " မုရှင်းယုကထူးဆန်နေမိတယ်။ တကယ်ဆို ကုယွမ်ကျိုးက ဖြေးညင်းစွာလမ်းလျောက်နေသင့်ပြီး မဟုတ်လာ။

" ဝှီချဲလ်ကိုမစွန့်လွှတ်ခင် အပြည့်အဝပြန်ကောင်လာတဲ့ထိစောင့်ချင်လို့ " ကုယွမ်ကျိုးကပြောတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now