Chapter (2)

3K 354 3
                                    

ရှောင်ဝမ်း ဝင်လာသောအခါ မုရှင်ယု၏ ပျော်ရွှင်နေတဲ့ညမျက်နှာကို တွေ့တော့ သူ မအံ့သြသွားခဲ့ပေ။

သူသည် မုရှင်ယု နောက်သို့ လိုက်ခဲ့သည်မှာ ကြာပြီး ဖြစ်သည်။ မုရှင်းယု၏ ရုပ်ရည်သည် အလွန်မြင့်မားသောကြောင့် ယောက်ကျားချင်းတောင် မအံသြဘဲ မနေနိုင်ဘူး။ သို့သော် ယခု မုရှင်းယုသည် ယခင်ကထက် ပို၍ပင်အံ့သြဖွယ် ကောင်းလာသည်ကို သူတွေ့လိုက်ရသည်။

" ဘာဖြစ်လို့လဲ? " မုရှင်းယုက သူ့အားကြည့်ကာ လက်ကောက်ကို သူ့အင်္ကျီလက်၌ ဝှက်လိုက်ပြီး သံသယဖြင့်မေးလိုက်သည်။

ရှောင်ဝမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး " အစ်ကိုရှင်းယု မင်း အရင်ကထက်ပိုပြီးကြည့်ကောင်းလာလို့ ငါအံ့သြသွားတာပါ "

" ဟမ်းး ဟုတ်လာ? " မုရှင်းယုက နည်းနည်း ထူးဆန်းသွားတယ်။ သူဝိညာဉ်ကြာပန်းရေကို သောက်မိတဲ့ အကျိုးကြောင့်များလာ? သူရေချိုးခန်းထဲကို အမြန်လျှောက်သွားပြီး မှန်ထဲမှ သူ့၏မျက်နှာကို သေသေချာချာ ကြည့်လိုက်တယ်။

သူ့မျက်နှာက အရင်အတိုင်းဘဲ ၊ဒါပေမယ့် သူ့အသားရေက အရင်ကထက် ပိုပြီး နူးညံ့လာပုံရတယ်။ မူလက သူရဲ့ညာဘက်ပါးမှာ အမာရွတ်လေးတစ်ခု ရှိခဲ့သည်။ သူငယ်စဉ်ကစားခဲ့တုန်းက သစ်ကိုင်း တစ်ခုနဲ့ထိုးမိပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ဒါပေမယ့် အခု သူမှန်ရှေ့ကိုသွားပြီး အနီးကပ် ကြည့်လိုက်တော့ အမာရွတ်ကို သူမတွေ့ရတော့ချေ။

သူဟာ မအံ့သြဘဲမနေနိုင်ခဲ့ဘူး။ထို့နောက် သူဟာ ကြာပန်းဝိညာဉ်ရေ၏ ကုသနိုင်စွမ်း အသစ်ကို နားလည်သိရှိသွားသည်။

ရှောင်ဝမ်းဟာ မှန်ကြည့်နေတဲ့ ရှင်းယုကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်တယ် " အစ်ကိုရှင်းယု မင်းရုပ်ရည်ကို မင်းကြည့်ပြီး မအံ့သြဘူးလာ...မင်းပရိတ်သတ်တွေက မင်ဘဝရဲ့ အကြီးမားဆုံး နောင်တက မင်းမျက်နှာကို မင်းမနမ်းနိုင်တာဘဲလို့ပြောကြတာ အံ့သြစရာမဟုတ်ပါဘူး "

" နောက်မ​နေနဲ့တော့ မင်းခွင့်ပြုချက် သွားတောင်းတာ ဘယ်လိုလဲ "
မုရှင်းယုက ရေချိုးခန်းထဲက ထွက်လာပြီး မေးလိုက်တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now