Chapter (58)

1K 136 17
                                    

Chapter:58

တိုက်ရိုက်ထုတ်လွှင့်မှုကို ပြင်ဆင်ဖို့အတွက် မုရှင်းယုသည် နံနက်စောစောတွင် သူ့ဖုန်းကို အားသွင်းလိုက်တယ်။ ပြီးနောက်သူသည် အိမ်မှာရှိတဲ့ အဒေါ်ကို သူ့အခန်းကို ရှင်းပေးရန်ပြောပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်လိုက်တယ်။

သူ့ရဲ့ကိုယ်ပိုင်အခန်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းက ဒီမှာက သူ့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေပဲ ရှိတာကြောင့် တိုက်ရိုက် ထုတ်လွှင့်မှုမှာ ပရိသတ်တွေ တစ်စုံတစ်ခု သိသွားမှာကို စိုးရိမ်နေစရာ မလိုဘူး။

အမှန်တော့ သူနှင့် ကုယွမ်ကျိုးတို့ အပြန်အလှန်အချစ်ကို ဖော်ပြပြီးနောက်ပိုင်းတွင် သူ့ရဲ့ ကိုယ်ပိုင် ပစ္စည်း အများစုကို မာစတာအိပ်ခန်းသို့ ရွှေ့ပြောင်းခဲ့သည်။

သို့သော် အသစ်အသစ် ထပ်တိုးမှုများ အများအပြားရှိသောကြောင့် သူ့အခန်းတွင် တစ်စုံတစ်ယောက်နေထိုင်နေပုံလျှက်ရှိသည်နှင့် အမှန်ပင်တူနေသေးသည်။

ကြိုတင်သတ်မှတ်ချိန်သည် မကြာမီရောက်ရှိလာပြီး ပရိသတ်များ၏ စိတ်အားထက်သန်မှုကြောင့် ရှေ့မှသရုပ်ဆောင်များသည် live ပြီးဆုံးရန် ရွှေ့ဆိုင်းလိုက်ရာ မုရှင်းယု တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် အချိန်သည် စီစဉ်ထားသည်ထက် ဆယ်မိနစ်နီးပါး နောက်ကျခဲ့ရသည်။

ဗီဒီယိုထဲမှာ သူ့မျက်နှာ ပေါ်လာချိန်မှာတော့ စောင့်မျှော်ခဲ့ရတဲ့ ကြယ်မိုးမိုးတွေဟာ အုံကြွလာကြတယ်။

[ အား! နောက်ဆုံးတော့ ငါ့ Male God ပေါ်လာပြီ! ]

[ ကြယ်လေးက ဒီညရဲ့နောက်ဆုံးဇာတ်ဆောင်ဘဲ! မင်းကအကောင်းဆုံးပဲ! ]

...

ပရိသတ်တွေရဲ့ မှတ်ချက်တွေကို ကြည့်လိုက်တော့ မုရှင်းယုက ပြုံးမပြဘဲမနေနိုင်ဘူး။ ဒါက ပရိသတ်တွေကို ပိုလို့တောင် စိတ်လှုပ်ရှားစေခဲ့တယ်။

အမျိုးမျိုးသော မှတ်ချက်များက ဖန်သားပြင်ပေါ်မှာ ပြည့်နှက်သွားတယ်။

မုရှင်းယုသည် barrage သိပ်သည်းမှုမဖြစ်စေရန် barrage format ကိုသတ်မှတ်ရမည်ဖြစ်သည်။ (*မြန်မာလိုဘယ်လိုရှင်းပြရမလဲမသိလို့)

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now