Chapter (4)

2.5K 332 1
                                    


ယနေ့မစ္စတာကုသည် တရုတ်စတိုင်လ်၀တ်စုံကိုဝတ်ဆင်ထားသည်။ သူက မုမိသာစုဝင်လာတာမြင်တဲ့အခါ မတ်တပ်ရပ်ပြီး ပျော်ရွှင်စွာဖြင့်နှုတ်ဆက်လိုက်တယ်။

ပါးပါးမုနှင့်မားမားမုတို့သည် ဖိုးဖိုးကုကို နှုတ်ဆက်ပြီးနောက် လက်ထပ်ဖို့အတွက် ဆွေးနွေးရန်
အတူထိုင်လိုက်ကြသည်။

" ရှင်းယု ဖိုးဖိုးကိုပြော သားကုမိသားစုကိုတကယ်အမြန်ဆုံးလက်ထပ်ချင်တာလား " ဖိုးဖိုးကု ကမုရှင်းယုကိုမေးတယ်။

မုရှင်းယုခေါင်းညိတ်ပြီး " ဟုတ်ကဲ့ "

" အဖိုးအရမ်းပျော်တယ် ဒါပေမယ့် သားတကယ် ဆုံးဖြတ်လိုက်ပြီးလာဆိုတာကို အဖိုးသိချင်တယ် " အဖိုးကုကအသက်ကြီးပေမဲ့ သူက အရမ်းတက်ကြွတယ် သူ့မျက်လုံးတွေကလူတွေရဲ့နှလုံးသားကို ဖြတ်ပြီးတော့မြင်နိုင်တယ်။

မုရှင်းယုက အဖိုးကုရဲ့အကြည့်ကိုတိုက်ရိုက်ကြည့်လိုက်ပြီး...
" ဖိုးဖိုးကု ကျတော်ဥက္ကဋ္ဌကုနဲ့လက်ထပ်ဖို့ သဘောတူစာချုပ်ရှိတယ်လေ။ အခုသူကမေ့မြောနေတယ်။ ကျတော်သူ့ကို ပိုပြီးဂရုစိုက်နိုင်အောင် ကျတော်သူ့ကိုလက်ထပ်ရမယ် "

" သားဒီလိုတွေးတာကို အဖိုးအရမ်းဝမ်းသာတယ်။ ဒါပေမယ်ယွမ်ကျိုးက ဘယ်တော့မှ မနိုးလာတော့ဘူးဆိုရင် ဒါကသားကိုမနှောင့်နှေးစေဘူးလာ? "

" ဖိုးဖိုးကု ကျတော်နဲဥက္ကဋ္ဌကုက စရိုက်တူတူဘဲ ကျတော်သာသူ့ကိုလက်ထပ်လိုက်ရင် သူမြန်မြန်နိုးထလာနိုင်တယ် " မုရှင်းယုကဟာသတစ်ဝက်နဲ့ပြောလိုက်တယ်။

ဖိုးဖိုးကုက အနည်းငယ်ပြုံးလိုက်ပြီး
" ငါမျှော်လင့်တယ်။ စိတ်မပူနဲ့တကယ်လို့ ယွမ်ကျိုးက ငါးနှစ်အတွင်း မနိုးလာဘူးဆိုရင် မင်းထွက်သွားချင်ရင်ထွက်သွားနိုင်တယ် "

ပါးပါးမုနှင့်မားမားမုတို့ကစိတ်သက်သာစွာဖြင့်တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

မုရှင်းယုသည် ဖိုးဖိုကုကသူ့ကိုဂရုစိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် မစ္စတာကုရဲ့ ကတိကအသုံးမ၀င်ဘူး။ ဘာလို့လဲဆိုတော့ အရင်ဘဝက ကုယွမ်ကျိုးက နောက်နှစ်ဆောင်းဦးမှာ နိုးလာခဲ့တယ်။ ပြီးတော့ ဒီဘဝမှာ ဝိဉာဉ်ရေအကူညီရှိတယ်။ ကုယွမ်ကျိုး၏ နိုးထချိန်သည် အလွန်မြင့်မားစွာစောလိမ့်မယ်လို့ သူယုံကြည်တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now