Chapter (19)

2.2K 283 2
                                    

" သူက ဘယ်သူလဲ? ဥက္ကဋ္ဌရဲ့ သက်တော်စောင့်က ဘာလို့ သူ့ကို လူကိုယ်တိုင် လာခေါ်ရတာလဲ? "

" အမှန်ဘဲ, အဲ့တာကအစ်ကိုချန် သူက ဥက္ကဋ္ဌရဲ့လူယုံ "

အားလုံးက ထိုအကြောင်းကို ပြောနေကြပြီး ဧည့်ကြိုကောင်တာမှ အမျိုးသမီးသည် သူ့ကို စော်ကားမိမှာကို စိုးရိမ်ပြီး မျက်စိကွယ်နေပြီး ဖြစ်သည်။ ဘယ်လောက်တောင် ကြီးမားတဲ့ ရိုက်ချက်လဲ။

ဝန်ထမ်းတွေထဲမှာ, မုရှင်းယုကို ကြည့်နေခဲ့တဲ့ မိန်းကလေးသုံးယောက်ကတော့ အပျော်ဆုံးပါပဲ။

" ဥက္ကဋ္ဌရဲ့ သက်တော်စောင့်ကတောင် ကြယ်လေးကို လူကိုယ်တိုင် လာခေါ်တာဆိုတော့ ကြယ်လေးက တကယ် မျက်နှာရှိတာဘဲ "

" ရှင်းယုက ဒီကို အလုပ်အကြောင်း လာပြောတာလို့ နင်ထင်လာ? "

" ဖြစ်နိုင်တယ်, ဖက်ရှင်ဒါရိုင်တာက Spokesperson (ပြောရေဆိုခွင့်ရှိသူ) အနေနဲ့ သူက တရုတ်ကိုရှာသင့်တယ်လို့ ပြောခဲ့တယ်မလာ? သူ ရှင်းယုကို ရှာနေတယ်လို့ ငါသံသယရှိနေပြီး "

" ဟေ့, အံသြသင့်စရာ ကလည်းရုတ်တရက်ကြီး ရောက်လာဘဲ။ ငါ့ကို ​အရှိန်လျော့ခွင့်ပေးကြပါဦး "

" မဟုတ်သေဘူး, ငါဒီလိုသတင်းကောင်းကို Groupထဲ ပို့ပေးချင်နေပြီး " မိန်ကလေးသုံးယောက်သည်, မင်းငါ့ကို ပြောသမျှစကားတိုင်း သူတို့ရဲ့ မှန်းဆချက်တွေကို Fan Group ဆီပို့ဖို့ အရမ်းစိတ်လှုပ်ရှားနေကြတယ်။

ထိုအချိန်တွင်, မုရှင်းယုနှင့် ချန်ဖန်းတို့သည် အပေါ်ထပ်ရှိ ရုံးခန်းဧရိယာဆီသို့ ဓာတ်လှေကားဖြင့် တက်လာကြသည်။

လမ်းမှာ မုရှင်းယုက ဒီနေ့ ကုယွမ်ကျိုးရဲ့ အခြေအနေအကြောင်း ချန်ဖန်းကို မေးခဲ့ပြီး ကုယွမ်ကျိုးက ပုံမှန်ထမင်းစားကြောင်း သိပြီးနောက်မှာတော့ သူစိတ်သက်သာရာ ရသွားခဲ့တယ်။

အပေါ်ဆုံးထပ်တွင် ဝန်ထမ်းအနည်းငယ် သာရှိသည်။

မုရှင်းယုသည် ချန်ဖန်း၏နောက်မှ ဥက္ကဋ္ဌရုံးဆီသို့ တန်းတန်းမတ်မတ် လိုက်သွားခဲ့သည်။

သူသည် အနားယူသည့် နေရာကို ဖြတ်သွားသောအခါ ကျင်းယုရုန်ကို ထပ်မံတွေ့လိုက်ရသည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now