Chapter (55)

1.2K 181 9
                                    


Chapter (55)

ဒါက မုရှင်းယုသည် ပထမဆုံး အကြိမ် ဖက်ရှင်မဂ္ဂဇင်းပွဲ အခမ်းအနားမှာ ပါဝင်တာဘဲ။

ရှိုးအပြင်အဆင်နဲ့ အစီအစဥ်ကို အကဲဖြတ်ရရင် ပွဲစီစဉ်သူတွေဟာ အိုင်ဒီယာများစွာကို ထည့်သွင်းထားတာကိုတွေ့နိုင်တယ်။

ရှိုးပွဲအပြီးမှာ ကော့တေးပါတီပွဲတစ်ခု ပြုလုပ်ခဲ့တယ်။

လန်ယင်ရဲ့ ဦးဆောင်မှုအောက်မှာ မုရှင်းယုဟာ VAICO မဂ္ဂဇင်း၏ အယ်ဒီတာချုပ်နှင့် အခြားဖက်ရှင်လုပ်ငန်းခေါင်းဆောင်တွေကို တွေ့ဆုံခဲ့တယ်။

သူရေအိမ်ကိုသွားပြီး ခန်မကို ပြန်လာတော့ လမ်းတစ်ဝက်လောက်မှာ လှပသော၀တ်စားဆင်ယင်မှုနဲ့ အမျိုးသမီးငယ် နှစ်ယောက်က သူ့လမ်းကို ပိတ်ဆို့ခဲ့တယ်။

မုရှင်းယုသည် သူတို့နှစ်ယောက် ရင်းနှီးနေပြီး တစ်နေရာရာမှာ ဆုံဖူးပုံရသည်ကို ခံစားမိသော်လည်း ခဏလောက်တော့ မမှတ်မိခဲ့ဘူး။

ဒီပွဲကို တက်ရောက်နိုင်သူတွေဟာ ထူးခြားတဲ့ လက္ခဏာရှိသူတွေလို့ ပြောလို့ရတယ်။

ဒီလူနှစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်က မဟုတ်ပဲ ချမ်းသာတဲ့ မိသားစုက ဖြစ်နိုင်တယ်ဆိုတာ သေချာတယ်။

သို့သော်လည်း ၎င်းတို့နှစ်ဦးသည် ရန်လိုသော ရည်ရွယ်ချက်များ ရှိနေကာ ပန်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မောက်မာစွာပြောလာတယ်။ " နင်က မစ္စတာအန်နဲ့ နှိုင်းယှဥ်ဖို့ ထိုက်တန်လို့လား? "

မုရှင်းယုသည် ထိုစဥ်းလဲသော စကားများကိုကြားတော့ မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။

" ဘာကိုဆိုလိုတာလဲ? "

" ဟမ့်! မစ္စတာအန် W&W ဖက်ရှင်ရှိုးကို သွားတုန်းက နင်က မစ္စတာအန်ရဲ့ ၀တ်စုံကို ရည်ရွယ်ချက်ရှိရှိ လုယူခဲ့တာလေ? "

W&W ဖက်ရှင်ရှိုးပွဲမှာ မုရှင်းယုက ထိုလူနှစ်ယောက်ကို တွေ့ဖူးတာကို သတိရပြီး သူတို့ကို ရင်းနှီးသလိုခံစားရတာ အံ့သြစရာမရှိတော့ဘူး။

ဒါပေမယ့် သူက အန်ရှောက်ဝမ်ရဲ့ ၀တ်စုံကို လုယူခဲ့တယ်! ဒီစကားက ဘယ်ကလာတာလဲ!

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now