Chapter (3)

2.7K 354 0
                                    


တက္ကစီသည် Bailu Bay ရှိ ဗီလာတစ်ခုရှေ့တွင်ဘရပ်တန့်သွားပြီး အိမ်ထဲမှအန်တီကြီးက အဲ့တာကိုမြင်တော့သူမကအံ့သြသွားပြီးဘယ်သူလာတာလဲဟုတွေးမိသည်။

ရလဒ်အနေနဲ့ မုရှင်းယုသည်တက္ကစီပေါ်မှ ဆင်းလာသည်ကိုမြင်တော့ သူမက အံ့သြစွာဖြင့်အော်ဟစ်လိုက်သည် " မုရှောင် နောက်ဆုံးတော့ မုရှောင်ပြန်လာပြီ " ဟုအရိုသေပေးပြီးကူညီရန်ရှေ့သို့အလျင်အမြန်လာခဲ့သည်။

ရှောင်ဝမ်းသည် သူ့စိတ်ထဲတွင်ခန့်မှန်းမှုများရှိသော်လည်း ယခုသူ့အံ့သြမှုအား မယှဥ်ပြနိုင်ခဲ့ပေ။

သူသည် မုရှင်းယုနောက်သို့ လိုက်နေစဉ်တစ်လျှောက် မုရှင်းယုသည် သူ့ကို အလွန်ကောင်းမွန်စွာဆက်ဆံခဲ့ပြီး ချမ်းသာသောလူငယ်သခင်လေးတို့၏ စိတ်ထားကိုလုံးဝမထားခဲ့ချေ။

" ရှောင်ဝမ်၊မင်းညစာစားသွားမလား " မုရှင်းယုကမေးသည်။

ရှောင်ဝမ်ကခေါင်းကိုအမြန်ခါလိုက်သည် " မစားတော့ဘူးအစ်ကိုရှင်းယု " ကြွယ်ဝချမ်းသာမှုက ဘယ်လိုပုံစံလဲဆိုတာကို သူတကယ်မြင်ချင်ပေမယ့် ရှောင်ဝမ်က သူဌေးတွေရဲ့ စည်းမျဉ်းတွေကိုသိတယ်၊ သူက စိတ်မသက်မသာ ဖြစ်မှာကိုစိုးရိမ်တယ်၊ ဒါကြောင့် သူ့ဘာသာ သူ့အိမ်ကိုပြန်သွားတာပိုကောင်းတယ်။

" ကောင်းပြီ၊ ငါအိမ်မှာရက်အနည်းငယ်လောက်နေမယ်ဘမင်းကုမ္ပဏီကို သွားစရာမလိုဘူး အိမ်ပြန်ပြီး ကောင်းကောင်းအနားယူပါ "

မုရှင်းယုက ရှောင်ဝမ်ကို ပြန်ပို့ပေးဖို့ဒရိုင်ဘာကိုပြောလိုက်တယ်။

ရှောင်ဝမ်သည် မုရှင်းယု၏ အိမ်က Rolls Royce ကားပေါ်တွင်ထိုင်ပြီးသူ၏ နှလုံးခုန်သံမှာမြန်နေသည်။

ကားဒရိုင်ဘာသည် အလေးအနက်ထားပြီး ကားမောင်းနေသည်။ သူကဘာပြောရမလဲမသိဘူး။ သူ့လက်ကိုင်ဖုန်းကို လွယ်ကူစွာယူပြီး Bailu၏ နာမည်အရင်း'မု'ကိုရှာကြည့်ရာ နာမည်ကြီးပြည်တွင်းအိမ်ခြံမြေကုမ္ပဏီတစ်ခု၏ဥက္ကဌဖြစ်သော'မု'အားတွေ့ရှိခဲ့သည်။

ရှောင်ဝမ်းက သူသည်သန်းတစ်ရာနဲ့ လွဲချော်သွားသလို ခံစားရပြီးသူဌေး​လေးက သူ့အနားမှာရှိနေတယ်ဆိုတဲ့စိတ်ကူ သူ့မှာမရှိဖူးပေ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now