Chapter (41.2)

1.6K 213 6
                                    

******

Chapter (41) တင်တာ စာ ကျန်သွားလို့။ အခုမှကြည့်မိလို့။ Sorry ပါရှင့်

*******

ယခုချိန်တွင် Antiဖန်များနှင့် ငြင်းခုံခြင်းက ပိုဆိုးလာသောကြောင့် ရှောင်ဝမ်းက ဘာမှမပြောနိုင်တော့ပေ။ W&W သည် မုရှင်းယုကို ပြောရေးဆိုခွင့်ရှိသူအဖြစ် မကြာမီ တရားဝင်ကြေငြာတော့မည်ဖြစ်ပြီး ပရိသတ်တွေက Antiဖန်တွေနဲ့ အချိန်ဖြုန်း ရန်ဖြစ်ရန် မလိုအပ်ပေ။

" ဘာဖြစ်နေတာလဲ? " ရှောင်ဝမ်၏ လေးနက်သောအမူအရာကိုမြင်တော့ မုရှင်းယုက အလျင်စလိုမေးလိုက်သည်။

" အစ်ကို ရှင်းယု၊ Anti ဖန်တွေနဲ့ငြင်းခုံမနေဖို့သူမကိုပြောပါဦ။ ကြည့်ဦး..." ရှောင်ဝမ်းက ဖုန်းကို မုရှင်းယုဆီ ပြောစရာစကားမဲ့စွာလွှဲပေးလိုက်တယ်။

မုရှင်းယုသည် နာမည်ပြောင်ကို မြင်သောအခါ အံ့သြသွားပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

" သူမအမြဲတမ်း မင်းရဲ့အမာခံပရိသတ်မဟုတ်ခဲ့ရင်၊ သူမက Antiဖန်တစ်ယောက်လို့ ငါသံသယဖြစ်မိလိမ့်မယ် "

" သူမက ငါ့အမေပဲ " မုရှင်းယုက ရှင်းပြလိုက်သည်။

" ဟမ်း? " ရှောင်ဝမ်းမှာ အံသြသွားပြီး " အစ်ကိုရှင်းယု သူက ဘယ်သူလို့ ပြောလိုက်တာလဲ? "

" သူမက ငါ့အမေပဲ၊ ငါ မားကို ဖုန်းဆက်ပြီး Antiဖန်တွေနဲ့ မငြင်းခုံဖို့ ပြောလိုက်တယ် " မုရှင်းယုက ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်။

ကျော်ကြားသူတိုင်းတွင် Antiဖန်များ ရှိကြပြီး မုရှင်းယုသည် ၎င်းကို နားလည်ခဲ့သည်မှာ ကြာပါပြီ၊ သို့သော် တစ်နေ့တွင် သူ၏မိခင်သည် အင်တာနက်ပေါ်တွင် Antiဖန်များနှင့် စကားများရန်ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

ခဏကြာတော့ ဖုန်းချိတ်ဆက်ပြီး မားမားမုက " ရှင်းယု နောက်ဆုံးတော့ မင်းအမေ့ကိုခေါ်ပြီးပေါ့ ဒီနေ့ရိုက်ကူးရေးပြီးသွားပြီလား? " မုရှင်းယု စကားပြန်မပြောရခင်မှာပင် မားမားမုက " မင်း**ကိုပြန်လာတော့ ဒီအမေကိုမပြောဘူး ဘာလို့အိမ်မပြန်တာလဲ ယွမ်ကျိုးရှိလာတာနဲ့ ဒီအမေကို တကယ်မေ့သွားပြီး..." လို့ ဖုန်းခေါ်လိုက်တာနဲ့မားမားမုရဲ အသံထွက်လာပြီး မုရှင်းယုက သူမကို ဖြတ်ပြောလိုက်တယ် " မား ကျတော် မြင်တယ်နော့ Weibo မှာ မားပြောတဲ့စကားတွေ "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now