Chspter (59)

535 86 2
                                    


Chapter:59

မုရှင်းယုသည် ကုအဆောက်အအုံသို့ ကားမောင်းလာပြီးနောက် ရုံးခန်းထဲသို့ ဝင်လာသောအခါ ကုယွမ်ကျိုးသည် အစည်းအဝေး လုပ်နေသေးသည်။

သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ လက်ရှိ Weibo အပ်ဒိတ်များကို စစ်ဆေးပြီးနောက် သူနှင့် တုန်ရှီးကြား အရှုပ်တော်ပုံများ ပြေလျော့သွားသည်ကို တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

မကြာမီ ရုံးခန်းတံခါးပွင့်လာပြီး ကုယွမ်ကျိုးဝင်လာသည်။

ယခုအခါ ကုယွမ်ကျိုးသည် ဝှီးချဲလ်ကို အသုံးမပြုတော့ပေ။ သူ၏ ခြေထောက်များ ပြန်လည်ကောင်းမွန်လာမှုကိုတော့ တင်းကြပ်စွာ လျှို့ဝှက်ထားဆဲဖြစ်ပြီး ကုမ္ပဏီရှိ အထက်ပိုင်အမှုဆောင် အနည်းငယ်သာသိသေးသည်။

" မင်း ဒီကို ဘာလို့ရောက်လာတာလဲ? " ကုယွမ်ကျိုးက အပြုံးလေးနဲ့မေးတယ်။

" ကျွန်တော် မစ္စတာကုကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ " မုရှင်းယုက ထရပ်ကာ ပြောတယ်။ " အင်တာနက်ပေါ်က ကောလာဟလတွေကို ကူညီဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာကု "

" ကိုယ်တို့က ကျေးဇူးတင်တယ်လို့ ပြောဖို့ လိုသေးတုန်းလား? " ကုယွမ်ကျိုးက ပြန်မေးသည်။

" ဒါပေမယ့် ကျတော် ကျေးဇူးတင်တယ်လို့ မပြောရင် ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြရမလဲ? "

" မင်း ကိုယ့်ကိုနမ်းဖို့ အစပြုနိုင်တယ်လေ။ ဒါဆို ကိုယ်..." ကုယွမ်ကျိုး စကားမဆုံးခင် မုရှင်းယုသည် သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်တယ်။

အခုလို နက်နဲတဲ့ အနမ်းမျိုး မပြောနဲ့ မုရှင်းယုဟာ ကုယွမ်ကျိုးကို သူ့ဘာသာသူ အစပြုပြီး နမ်းတာတောင် ရှားပါးတယ်။

မကြာခင်မှာပဲ ကုယွမ်ကျိုးဟာ အသိ ဝင်လာပြီး စတင် တုန့်ပြန်တော့တယ်။ မုရှင်းယု အသက်ရှုမဝတဲ့အထိ အနမ်းကို နက်ရှိုင်းစွာ တိုးဝင်နေခဲ့တယ်။

အနမ်းပြီးဆုံးသွားပြီးနောက် မုရှင်းယုက မေးတယ်။

" ခင်ဗျားကို အစပြုနမ်းဖို့တောင် ခွင်မပြုနိုင်ဘူးလား?"

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now