Chapter (17)

2.4K 288 4
                                    


ဒုတိယနေ့တွင်လည်း, ကုယွမ်ကျိုးသည် ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုကို အမြဲတစေ ပြုလုပ်ခဲ့သည်။

သို့​သော်လည်, သူ့ရဲ့ ပြန်လည်နလန်ထူလာမှုကတော့ ကောင်းမွန်တယ်။ရိုးရှင်းတဲ့ လေ့ကျင့်မှုအပြီးမှာ ချာလီက ပိုမိုပြင်းထန်တဲ့ လေ့ကျင့်မှုတွေအတွက် သူ့ကို Gym ကိုသွားဖို့ အကြံပေးခဲ့တယ်။

" ကောင်းပြီး " ကုယွမ်ကျိုးက သဘာဝကျစွာဘဲ သဘောတူလိုက်တယ်။

ချာလီက ချန်ဖန်ကို ခေါ်ကာ ကုယွမ်ကျိုးကို ဝှီးချဲလ်ပေါ်သို့ထိုင်ရန် ကူညီခိုင်ပြီး ပဉ္စမထပ်ကို တွန်းလာခဲ့တယ်။

မုရှင်းယုက လိုက်သွားပေမဲ့ gym ခန်းကို ရောက်တဲ့အခါ ကုယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ် " ရှင်းယု, ချာလီနဲ ချန်ဖန်းက ဒီမှာရှိတယ် ​​မင်းဒီမှာနေစရာမလိုတော့ဘူး "

" ဘာလို့လဲ? " မုရှင်းယုက ထူးဆန်းနေတယ်။

ကုယွမ်ကျိုးက ဘာမှမ​ပြောဘူး။ ဒါပေမယ့် သူ့သဘောထားကို မြဲမြံစွာ ထုတ်ဖော်ပြသခဲ့တယ်။

ထိုအမူအရာသည် မုရှင်းယုကို အလွန်ဒေါသထွက်စေတယ်။

ချာလီက ဂိမ်းကို လျှင်မြန်စွာ အပြီးသတ်လိုက်တယ်။

" သခင်လေးမု ငါတို့ကဒီမှာရှိနေတာဘဲ မင်းဂျင်ဆင်းစွပ်ပြုတ် နှပ်နေတာကို သွားကြည့်လိုက်လေ "

မုရှင်းယုက စိတ်တိုစွာ ခေါင်းညိတ်လိုက်တယ်။

" ကောင်းပြီ "

ထို့နောက် ဓာတ်လှေကားမှ ဆင်းကာပဉ္စမထပ်မှ ထွက်လာခဲ့တယ်။

မုရှင်းယု ထွက်သွားပြီးနောက် ချာလီက " မင်းဘာကိစ္စရှိလို့လဲ? မင်းဘာလို့သူ့ကို စိတ်ဆိုးအောင်လုပ်လိုက်တာလဲ? "

" အဲ့တာမင်းနဲ့ဆိုင်လာ? " ကုယွမ်ကျိုးက အေးစက်စွာမေးတယ်။

ချာလီက သူ့ကိုယ်သူ မေးဖို့ စိတ်မဝင်စားဘူး၊ ဒါကြောင့် သူက ချန်ဖန်းကို ပြောလိုက်တယ် " လာ၊ သူ့ကို ဖျာပေါ်မှာ ဝိုင်းကူညီကြရအောင် "

ကုယွမ်ကျိုးက သူ့ခြေထောက်တွေမှာ ခွန်အားမရှိဘူး။ ဒါကြောင့် သူက ဖျာပေါ်မှာ တင်ပျဉ်ခွေထိုင်ရုံသာပဲ၊ ထို့နောက် ချာလီ၏ လမ်းညွှန်မှုအောက်တွင် သူ၏လက်နှစ်ဖက်ကို ဆန့်တန်း၍ လေ့ကျင့်မှုကို စတင်ခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now