Chapter (53)

935 161 4
                                    

(Unicode)

Chapter (53)

*******

မုရှင်းယုသည် ကု၏နေအိမ်သို့ပြန်ရောက်သောအခါ မနက်သုံးနာရီထိုးနေပြီဖြစ်သည်။

သူသည် သက်တော်စောင့်များကို ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေဖို့ တိတ်တဆိတ်နေခိုင်းခဲ့သည်။

စတုတ္ထထပ်ကိုပြန်ရောက်တော့ သူ့ကိုယ်ပိုင်အခန်းကိုသွားကာ ရေချိုးပြီးနောက် ညအိပ်ဝတ်စုံပြောင်းလဲကာ ကုယွမ်ကျိုး၏ အခန်းတံခါးကို တိတ်တဆိတ်တွန်းဖွင့်လိုက်သည်။

ပြတင်းပေါက်မှ အလင်းရောင်ဖျော့ဖျော့ ဖြာကျနေသဖြင့် မုရှင်းယုအား အခန်းတွင်း အခြေအနေကို မြင်နိုင်စေခဲ့သည်။

သူ ဖြေးညှင်းစွာ ယာပေါ်ကို တက်လာပြီး ကုယွမ်ကျိုး အိပ်ပျော်နေတာကို မြင်တော့ သူ အရမ်းပျော်သွားတယ်။ သူက ကုတင်ပေါ်တွင် ဂရုတစိုက်အိပ်လိုက်ပြီး ကုယွမ်ကျိုးကို အနှောက်အယှက်မဖြစ်စေရန် သူ့လှုပ်ရှားမှုများက အလွန်ပေါ့ပါးနေခဲ့သည်။

မထင်မှတ်ပဲ သူအိပ်လှဲပြီးတာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေတဲ့လူက ရုတ်တရက် သူ့ကို စောင်းကြည့်လာတယ်။

" နိုးနေတာလား? " မုရှင်းယုကအံ့သြသင့်စွာမေးလိုက်တယ်။

" မင်းပြန်လာမယ်ဆိုတာသိနေတာကို ကိုယ်ဘယ်လိုအိပ်နိုင်မှာလဲ? " ကုယွမ်ကျိုးကပြောတယ်။

မုရှင်းယုက ပိုလို့တောင် အံ့သြသွားတယ်- " ကျတော် ပြန်လာမယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ? " သူက ကုယွမ်ကျိုးကို ရုပ်ရှင်ရိုက်တာ အရမ်းနောက်ကျတဲ့အတွက် ပြန်မလာတော့ဘူးလို့ လိမ်ခဲ့တာ ထင်ရှားတယ်။

ကုယွမ်ကျိုးက ပြုံးပြီးပြောတယ်။ " ကိုယ် ခန့်မှန်းလိုက်တာ "

မုရှင်းယုက စကားမပြောနိုင်တော့ဘူး။ ကုယွမ်ကျိုးက သူ့စိတ်ကို ကောင်းကောင်းသိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် အပြန်အလှန် ချစ်ခင်တဲ့ခံစားချက်က သူ့ကို ပိုပျော်ရွှင်လာစေတယ်။

" ကျတော်က ခင်ဗျားကို စပရိုက် တိုက်ချင်လို့ " လို့ သူက ပြောပါတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now