Chapter (43) (Unicode)

1.3K 198 1
                                    

(Unicode)

ဆယ်ရက်ကြာအားလပ်ရက်သည် မကြာခင်မှာဘဲကုန်ဆုံးသွားကာ မုရှင်းယုသည်လည်း ထပ်မံရိုက်ကူးရန်သွားခဲ့ရပြီး ယခုတစ်ကြိမ်ရိုက်ကွက်များမှာ outdoor မြင်ကွင်းများဖြစ်သည်။

ဇာတ်လမ်းအရည်အသွေးအတွက် ဒါရိုက်တာကျန်းသည် တတ်နိုင်ရင် အပြင်မှာသာရိုက်ကူးချင်သည်။

မုရှင်းယုမှာ တိုက်ခိုက်ခြင်းနဲ့ အမဲလိုက်ခြင်းစတဲ့ outdoor ရိုက်ကွက်တွေရှိပြီး Anhui၊ Shaanxi နဲ့ တခြားနေရာတွေမှာ သွားရောက်ရိုက်ကူးရမည်ဖြစ်သည်။

ထုံးစံအတိုင်း သူတည်းခိုသောဟိုတယ်သည် ယခင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်အနီးရှိဟိုတယ်လောက် စျေးမကြီးပေ။ ရိုက်ကူးရေး အခြေအနေမှာလည်း အလွန်ရိုးရှင်းသည်။ ထို့ပြင် နွေရာသီတွင် ခြင်များစွာရှိသောကြောင့် ရိုက်ကူးရေးအဖွဲ့သားများကို စိတ်ဆင်းရဲစေသည်။

ရှောင်ဝမ်းသည် တစ်ညလုံး ခြင်ကိုက်ခံရပြီး နောက်တစ်နေ့မနက်စားစားရန်အတွက် မုရှင်းယုကို သတိပေးရန် ရောက်လာသောအခါတွင် မုရှင်းယု၏ ဝိညာဉ်ရေးအခိုးငွေ့များပြည့်နှက်နေသော ခန္ဓာကိုယ်တွင် ခြင်ကိုက်သည့် အရိပ်အယောင်မရှိသည်ကို မြင်လိုက်ရတော့ အလွန်မနာလို ညဉ်းငြူခဲ့သည်။

" အစ်ကို ရှင်းယု၊ ခြင်တွေက မင်းကို ကျတော့ဘာလို့ မကိုက်တာလဲ? "

" မင်းရဲ့ သွေးအမျိုးအစားနဲ့ သက်ဆိုင်လောက်တယ် " မုရှင်းယုကရယ်ကာပြောတယ်။

အချို့သောလူများသည် သဘာဝအားဖြင့် ခြင်များကို မဆွဲဆောင်နိုင်သောကြောင့် ရှောင်ဝမ်သည် သူ့ကံကြမ္မာကိုသူ လက်ခံလိုက်ပြီး ကောင်းကောင်းအိပ်စက်နိုင်ရန် ယနေ့ညတွင် ခြင်ဆေးခွေထွန်းရန် ဆုံးဖြတ်ခဲ့သည်။

မုရှင်းယုက သူခြင်တွေကို မဆွဲဆောင်ဘူးဆိုတာသိပေမယ့် ခြင်တွေက သူ့အနားရောက်လာရင် သေလိမ့်မယ်။

အပြင်ကို ပထမဆုံး ရိုက်တုန်းကလည်း ခြင်ကိုက်ခံရဖူးပေမယ့် မကြာခင်မှာ တန်ပြန်အစီအစဥ်တစ်ခု စဉ်းစားခဲ့ပြီး သူ့ပတ်ဝန်းကျင်မှာ မြူခိုးစုပ်ခွက်တွေကို ဖြန့်လိုက်တယ်။ ခြင်တွေက သူ့ဆီချဉ်းကပ်လာသရွေ့ သူတို့ရဲ့ရှင်သန်မှုကို စုပ်ယူမှာဖြစ်ပြီး ခြင်တွေသေသွားမှသာ မုရှင်းယုက ဒုက္ခတွေကို ဖယ်ရှားလိုက်နိုင်တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя