Chapter (48)

1.3K 173 7
                                    

(Unicode)


မုရှင်းယုသည် ငယ်ငယ်လေးကတည်းက ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်လေးဖြစ်ပြီး မြင်တဲ့လူတိုင်းက အရမ်းကိုချစ်ကြသည်။

ကုယွမ်ကျိုးနဲ့ သိလာပြီးနောက် သူသည် ကုယွမ်ကျိုးနဲ့ အရမ်းရင်းနှီးခဲ့ပြီး သူသည် ကုယွမ်ကျိုးကို ကောကော ကောကောလို့ ခေါ်ပြီးသူ့နောက်ကို အမြှီးလေးလို လိုက်လေ့ရှိ၏။

ထိုအချိန်တွင် ကုယွမ်ကျိုးသည် တက်ကြွရွှင်လန်းပြီး ထိုနောက်လိုက်ငယ်လေးကို အထူးဂရုစိုက်သည်။ စိတ်ဝင်စားစရာများရှိပါက မူရှင်းယုအား တတ်နိုင်သမျှ မျှဝေပေးမည်ဖြစ်သည်။

သူတို့နှစ်ယောက်ကို ခွဲမရဖြစ်နေတာမြင်တော့ မားမားမုနှင့် မားမားကုတို့က သူတို့ကို လက်ထပ်ပေးရမည်ဟု အရွှန်းဖောက်ခဲ့ကြသည်။

မုရှင်းယုသည် ထိုအချိန်က လေးနှစ်သာရှိသေးပြီး လက်ထပ်ခြင်းမှာ မည်ကဲ့သို့ဖြစ်သည်ကို သူလုံးဝမသိခဲ့ပေ။ ပျော်စရာတစ်ခုဟုသာ ထင်ကာ လက်ခုပ်တီးခဲ့သည်။ ဒီလိုနဲ့ လက်ထပ်စာချုပ်က မွေးဖွားလာခဲ့တယ်။

" ကျွန်တော်ဒါတွေအားလုံးကို နည်းနည်းလေးတောင်မှ မမှတ်မိဘူး " ကုယွမ်ကျိုး ပြောတာကို ကြားရတဲ့အခါ မုရှင်းယုက စိတ်မကောင်းစွာနဲ့ ပြောလိုက်တယ်။

ထိုအချိန်တွင် ကုယွမ်ကျိုးသည် ခုနစ်နှစ်သာရှိသေးသော်လည်း လက်ထပ်စာချုပ်သည် အလွန်အရေးကြီးသောကြောင့် ၎င်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

ထို့နောက်တွင် သူသည် မားမားကု၏ မင်္ဂလာဆောင်ဝတ်စုံ ခေါင်းဆောင်းကို ခိုးယူ၍ သူ၏ပိုင်ဆိုင်မှုကို ကြေညာရန် ၄င်းကို မုရှင်းယု၏ ခေါင်းပေါ်၌တင်ခဲ့သည်။ (🤣)

ဒါကိုကြားတော့ မုရှင်းယုကကြားဖြတ်ပြောလိုက်တယ်။

" အခု ခင်ဗျားက ကျတော့်ရဲ့ စေ့စပ်လက်စွပ်နဲ့ လက်စွပ်တစ်စုံကို လက်ခံပြီးပြီ။ တကယ်လို့ ခင်ဗျားလက်ထပ်ချင်ရင် ခင်ဗျား မင်္ဂလာဝတ်စုံကိုဝတ်ရမှာ "

မုရှင်းယု စကားပြီးသောအခါတွင် နောက်မှလိုက်လာသော အန်တီချူးသည် ရယ်၍မဆုံးနိုင်တော့ဘဲ သက်တော်စောင့်များက မှုန်ကုပ်ကုပ်ဖြစ်နေသော်လည်း သူတို့မျက်နှာပေါ်ရှိ အပြုံးကိုတော့ မဖုံးကွယ်နိုင်ပေ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα