Chapter (8)

2.4K 314 2
                                    

မုရှင်းယုသည်အရင်ကမှတ်ဥာဏ်ကိုပြန်လည်တွေးတောပြီးနောက်အကူညီမဲ့စွာနဲ့သက်ပြင်ချလိုက်မိတယ်။

အရင်ကသူကုယွမ်ကျိုးကိုအရမ်းကြောက်ရွံ့ခဲ့တယ်။ဒါပေမယ့်အခုတော့ကုယွမ်ကျိုးနဲ့လက်ထပ်ရလိမ့်မယ်လို့သူမမျှော်လင့်ထားခဲ့ပါဘူး။

သူသည် camellia ပင်ဆီသို့ပြန်လာသောအခါ camellia ပင်၏ပျက်စီးယိုယွင်းနေသည့်အသွင်ပြင်ကိုသူထင်ရှားစွာတွေ့လိုက်ရတယ်။

သူလက်ကောက်ကိုယူပြီးကြည့်လိုက်တော့ပန်းအရိုးသုံးပွင့်လုံးကပွင့်လန်းနေတယ်။ မုရှင်းယုသည်စိတ်ကျေနပ်စွာနဲ့လက်ကောက်ကိုဝတ်လိုက်တယ်။

သူအခန်းဆီသို့ပြန်လာပြီးသူ့ကုတ်အကျီကိုချွတ်၍ချိတ်လိုက်တယ်။ထို့နောက်သူကတစ်ယောက်ယောက်ကိုအလှပန်းအိုးယူခိုင်းလိုက်ပြီးအဲ့ထဲကိုဆောင်းရာသီဇီးပန်း (Winter Plum)ကိုထည့်လိုက်တယ်။

ပန်းတွေစီစဉ်ပြီးတာနဲ့ဒေါက်တာချာလီကရောက်လာတယ်။

မုရှင်းယု၏စားပွဲပေါ်မှာအဖြူရောင်ဇီးပန်းကိုသူမြင်လိုက်တော့သူကပြောလိုက်တယ်..." အီသန်ကပန်းတွေမကြိုက်ဘူး "

" ဟုတ်လား?ဒါပေမယ့်ဒါကပိုရွှင်လန်းစေတယ်လို့ကျတော်ထင်တယ် " မုရှင်းယုကလျှင်မြန်စွာပြောလိုက်တယ်။သူ့လုပ်ရပ်များကကုယွမ်ကျိုးကိုထိခိုက်မှာကိုသူစိုးရိမ်တယ်။ " သူအခုပန်းတွေကိုမထိတွေ့နိုင်ဘူးလာ? "

" မဟုတ်ဘူး။သူကပန်းတွေကိုမကြိုက်ရုံသက်သက်ပါဘဲ။ကောင်းပြီး။အလုပ်ကလွဲရင်သူစိတ်ဝင်စားတာဘာမှရှိပုံမရဘူး " ချာလီကပြောလိုက်တယ်။

မုရှင်းယုကပြုံးလိုက်တယ်။ပြီးနောက်ချာလီကကုယွမ်ကျိုးရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်တယ်။

ချာလီသည်သူ့စစ်ဆေးချက်ကိုအံသြသင့်ဟန်ကြည့်လိုက်တယ်။ ဆေးစစ်မှုပြီးဆုံးသွားပြီးနောက်သူကမုရှင်းယုကိုကြည့်လိုက်ပြီးအကူညီမဲ့စွာမေးလိုက်တယ်...

" အဲ့ဒါဖြစ်နိုင်လာ၊ ချုံရှီက အမှန်တကယ်ဖြစ်လာတယ်?
" ( T/N Chongxi ကတရုတ်ရိုးရာယုံကြည်မှုတစ်ခုနော်။နေမကောင်းတဲ့လူနာကိုကံဇာတာကောင်းတဲ့လူနဲ့လက်ထပ်ခိုင်းလိုက်ရင်လူနာရဲ့ကုသမှုကိုအကျိုးသက်ရောက်မှုရှိစေတယ်တဲ့...)

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora