Chapter (54)

788 148 3
                                    


Chapter(54)

VAICO မဂ္ဂဇင်းက ဧည့်သည်များစာရင်းကို ကြေငြာပြီးနောက် မုရှင်ယုသည် တုန်လင်လင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

" ရှင်းယု ငါ့အတွက် အဝတ်အစားငှားဖို့ ဂတိပေးထားတာ မှတ်မိသေးလား? " တုန်လင်းလင်းသည် မုရှင်းယုနဲ့ နှုတ်ဆက်စကား ဖလှယ်ပြီးနောက် သူမရဲ့ရည်ရွယ်ချက်ကို ဖွင့်ဟခဲ့တယ်။

" ဘာလို့ မမှတ်မိရမှာလဲ " မုရှင်းယုက ပြုံးပြီး " အစ်မလင်လင်း ဘယ်လို အဝတ်အစားတွေ ကြိုက်လဲဆိုတာ ဓာတ်ပုံပို့ပေးပါ ကျတော် Brandနဲ့ စကားပြောပေးမယ် "

" ကောင်းပြီ ငါ နင့်ကို ဓါတ်ပုံချက်ချင်း ပို့ပေးလိုက်မယ် "  သူမက စိတ်လှုပ်ရှားစွာပြောတယ်။

အကယ်၍ W&W အမှတ်တံဆိပ်မှအဝတ်အစားများကို ငှားမည့်သူမှာ အခြားတစ်ဉီးဖြစ်ပါက တုန်းလင်းလင်းသည် မျှော်လင့်ချက် တစ်စုံ တစ်ရာ မရှိနိုင်သော်လည်း မုရှင်းယုနဲ့ ကုယွမ်ကျိုးတို့ ကြားဆက်ဆံရေး အကြောင်းသိလာကတည်းက သူမသည် မုရှင်းယု၏ စွမ်းရည်ကို ဘယ်တော့မှ သံသယဖြစ်မည်မဟုတ်ပေ။

မကြာမီတွင် သူမသည် WeChat မှတစ်ဆင့် သူမနှစ်သက်သော အဝတ်အစားများ၏ ဓာတ်ပုံများကို မုရှင်းယုထံသို့ ပေးပို့ခဲ့သည်။

မကြာခင်မှာပဲ အမှတ်တံဆိပ်ဘက်က အဝတ်အစားတွေကို သူမရဲ့ စတူဒီယိုသို့ သုံးရက်အတွင်း ပို့ပေးမယ်လို့ မုရှင်းယုဆီက အကြောင်း ပြန်စာရခဲ့ပြီး ဒါက သူမကို အရမ်းစိတ်လှုပ်ရှားစေခဲ့တယ်။

💬 ရှင်းယု ကျေးဇူးတင်ပါတယ်နော်

💬 ရပါတယ်

မုရှင်းယုသည် အစပိုင်းတွင် တုန်းလင်းလင်းအတွက် အဝတ်အစားများ ငှားပေးမည်ဟု ကတိပြုခဲ့တယ်။ တုန်းလင်းလင်းသည် သူ့အိမ်ထောင်ရေးအကြောင်း သိသွားပြီးနောက် သူမသည် ကတိကို လိုက်နာကာ သူတို့အကြောင်းကို
ပြင်ပသို့ လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေ။ ဒါက သူမကျေးဇူးကို တုန့်ပြန်လိုက်တာဘဲ။

မကြာမီ VAICO ဖက်ရှင်ပွဲကျင်းပမည့်နေ့သို့ ရောက်လာတယ်။ ညနေပိုင်းတွင် အခမ်းအနားစတင်မည်ဖြစ်သောကြောင့် မုရှင်းယုသည် နေ့လည်ပိုင်းတွင် ပြင်ဆင်ရန် စတူဒီယိုသို့လာရောက်ခဲ့ပြီး နောက်မှာ အခမ်းအနား ကျင်းပသည့်နေရာသို့ သွားခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now