Chapter (34)

1.8K 224 1
                                    


နောက်တစ်နေ့တွင် မုရှင်းယုသည် အစောကြီးနိုးပြီး ရှောင်ဝမ်ကိုဖုန်ခေါ်ကာ လေယာဉ်ခရီးစဥ်ကို ပြောင်ရန် တောင်းဆိုခဲ့သည်။

" အစ်ကိုရှင်းယု၊ ဘာဖြစ်လို့လဲ? " ရှောင်ဝမ်သည် သူ့ပစ္စည်းတွေထုပ်ပိုးဖို့ စောစောထခဲ့သည်။ သူက မုရှင်းယုကလေယာဥ်ချိန်ပြောင်မယ်လို့ပြောတော့ တစ်ခုခုဖြစ်သွားပြီထင်ကာ စိုးရိမ်သွားတယ်။

" ဘာမှမဖြစ်ပါဘူး ငါ မစ္စတာကုဆေးစစ်ဖို့ ဆေးရုံကိုသွားတာ လိုက်ပို့ချင်လို့။ ဆေးစစ်ပြီးရင် ငါ လေဆိပ်ကို အမြန်သွားလိုက်မယ် "

ရှောင်ဝမ်က သက်ပြင်းချကာ သက်သာရာရသော်လည်း အချိန်နောက်ကျမည်ကို စိုးရိမ်သည်။

" ကိစ္စမရှိပါဘူး၊ ဖွင့်ပွဲအခမ်းအနားမစခင် ငါတို့ရောက်နိုင်ပါတယ် " မုရှင်းယုသည် မတော်တဆမှုမဖြစ်သရွေ့ အချိန်နောက်ကျမည်မဟုတ်ပါ။

ထို့နောက် မုရှင်းယုသည် ဥယျာဉ်သို့ အမြန်သွားကာ ဥယျာဉ်ရှိ သစ်ပင်ပေါ်တွင် လက်ကောက်ကို ချထားပြီးနောက် အခန်းထဲသို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် ကုယွမ်ကျိုးသည် ရေချိုးပြီးသွားကာ နက်ခ်တိုင်ကို ၀တ်နေသည်။

" မင်းဘယ်တော့သွားမှာလဲ? " ကုယွမ်ကျိုးကမေးတယ်။

" ခင်ဗျား စစ်ဆေးတာကိုကျတော်လိုက်ခဲ့မယ် ပြီးမှကျနော်သွားမယ် "

ကုယွမ်ကျိုးက သူ့လည်စည်းကြိုးကို ချည်နေရင်း ခေတ္တရပ်တန့်သွားတယ်။ သူအရမ်းပျော်နေပေမယ့်လည်း စိုးရိမ်ကာမေးတယ် - " မင်းရဲ့ ခရီးစဥ်မနှောင့်နှေး​စေဘူးလား? "

" စိတ်မပူပါနဲ့ ဘာမှမဖြစ်ဘူး ကျတော် ခင်ဗျားရဲ့ဆေးစစ်မှုရလဒ်ကို မြင်ချင်တယ်၊ ဒါမှ ကျတော်စိတ်ချနိုင်မယ် "

ကုယွမ်းကျိုးက နှုတ်ခမ်ထောင့်ကို မြှောက်လိုက်ပြီး ထမင်းစားဖို့ အောက်ထပ်ကို ဆင်းသွားချိန်ထိသူ့မျက်နှာမှာ အပြုံးတစ်ခုရှိနေဆဲဘဲ။

ချာလီသည် မနေ့ညက ကု၏အိမ်တွင် အနားယူရန် တည်းခိုခဲ့သည်။

ကုယွမ်ကျိုးမျက်နှာပေါ်ရှိ အပြုံးကိုမြင်ပြီးနောက် " အီသန် မင်းခြေထောက်တွေ အနာကျက်လုနီးပါးဖြစ်နေပြီမဟုတ်လား? " ကုယွမ်ကျိုးကို အရွှန်းဖောက်ပြောလိုက်သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now