Chapter (37)

1.6K 225 5
                                    


Unocode

******

အိမ်ပြန်ရောက်သောအခါ ဖိုးဖိုးကုက မုရှင်းယုကို တွေ့တော့ အရမ်းအံ့သြသွားတယ်။ " ရှင်းယု ဘယ်တုန်ကပြန်လာတာလဲ? အဖိုးကိုဘာလို့ကြိုမပြောတာလဲ? "

" ဖိုးဖိုးကို အံသြသွားအောင်လို့ " မုရှင်းယုက ပြုံးကာပြောတယ်။

မစ္စတာကုက အရမ်းပျော်သွားပြီး စားဖိုဆောင်ကို နောက်ထပ် ဟင်းနှစ်မျိုးလောက်ထပ်လုပ်ခိုင်းလိုက်တယ်။

ညစာစားချိန်မှာ ဖိုးဖိုးကုက သူ့ကို ညည်းငြူတိုင်ကြားတယ်။ " ရှင်းယု အဖိုးနဲ့ ယွမ်ကျိုးက မင်းနဲ့ ဝေးကွာနေတဲ့ ဒီရက်ပိုင်း လုံးဝအဆင်မပြေဘူး။ ဒီကလေးက အလုပ်လုပ်ဖို့ပဲ သိတယ် ငါ့ကို လုံးဝ ဂရုမစိုက်ဘူး "

" ဖိုးဖိုး ယွမ်ကျိုးက အလုပ်တွေရှုပ်နေပေမယ့် သူက ဖိုးဖိုးကိုအရမ်းဂရုစိုက်ပါတယ် "

" သူ့အတွက် ဆင်ခြေမပေးနဲ့။ မင်းအိမ်မှာမရှိတော့ သူက အလုပ်ဘဲလုပ်နေပြီး အနားယူမယ့်​အချိန်ကို မေ့နေတယ်။ မင်း သူ့ကို ပိုကြီးကြပ်ဖို့ သတိရရမယ်။ အခု သူက မင်းပြောတာကို ဘဲနားထောင်တယ် "

ကုယွမ်ကျိုးက ရှက်ပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ စားသောက်နေသည်။

မုရှင်းယုသည် ကုယွမ်ကျိုးကို တစ်ချက်ကြည့်ကာ အပြုံးဖြင့်ပြောသည်။

" ဟုတ်ကဲ့ ဖိုးဖိုး "

ထမင်းစားပြီးတာနဲ့ ကုယွမ်ကျိုးက စတုတ္ထထပ်ကို တန်းတန်းမတ်မတ် ပြန်သွားလိုက်တယ်။ မုရှင်းယုက နောက်က လိုက်သွားတော့ သူကအခန်းကို မသွားတာကို တွေ့လိုက်ရတယ်။

" ခင်ဗျာအလုပ် မပြီးသေးဘူးမလာ? "

" မဟုတ်ဘူး "

" ဒါဆို ခင်ဗျား ... "

" ကိုယ် မင်းနဲ့ အတူရှိချင်တယ် " ကုယွမ်ကျိုးက တိုက်ရိုက်ပြန်ဖြေတယ်။

မုရှင်းယုသည် အလွန်ပျော်ရွှင်သွားတယ်။ " ခင်ဗျာရဲ့ခြေထောက်တွေကို နှိပ်ပေးပါရစေ၊ ပြီးခဲ့တဲ့ရက်တွေက ခင်ဗျားရဲ့ခြေထောက် ကြွက်တက်သေးလာ? "

ကုယွမ်ကျိုးက ခေါင်းညိတ်ပြပေမယ့် လျှင်မြန်စွာပြန်ပြောတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now