Chapter (7)

2.4K 302 2
                                    


မုရှင်းယုသည်ကုတင်ရှိရာသို့လာပြီးကုယွမ်းကျိုးကိုဂရုတစိုက်ကြည့်လိုက်သည်။

ယနေ့ကုယွမ််ကျိုးသည်ပိုးသားညဝတ်အင်္ကျီကို၀တ်ဆင်ထားပြီးအိပ်ယာပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေတယ်။တကယ်လို့သူသာမသိထားလျှင်သူကအိပ်ပျော်နေသည်ဟုဘဲသူထင်လိမ့်မည်။

သူ့မျက်နှာကအများကြီးတိုးတက်ကောင်းမွန်လာပြီးအရင်ကလိုဖြူဖျော့မနေတော့ပေ။

မုရှင်းယုသည်ကုယွမ်ကျိုး၏ရှင်သန်မှုကိုမတော်တဆစုပ်ယူခဲ့မိသည့်နောက်ဆုံးအကြိမ်ကိုသူသတိရသွားတယ်။ သူကနောက်ပိုင်မှာအဲ့တွက်ပြန်လည်​ပြုပြင်ခဲ့သော်လည်းသူသည်အလွန်နောင်တရနေဆဲဖြစ်သည်။

သူသည်ရေတစ်ခွက်ကိုအလျင်အမြန်ထည့်လိုက်ပြီးကြာပန်းသုံးပွင့်ရှိဝိညာဉ်အရည်အားလုံးကိုလောင်းချ၍ကုယွမ်းကျိုးအားတိုက်ကျွေးလိုက်တယ်။

" မစ္စတာကု၊ ကျတော်ခင်ဗျားကိုနောက်ဆုံးဘဝကအတွက်တောင်းပန်ပါတယ်။ ကျတော်ခင်ဗျားရဲ့ရောဂါကို သေသေချာချာကုသပေးပါ့မယ်။ ခင်ဗျားမြန်မြန်ပြန်နိုးလာလိမ့်မယ်လို့ ကျတော်ယုံကြည်တယ်။ပြီးတော့... " မုရှင်းယုကနောက်ဆုံးဘဝကသူတို့ကိုသတ်ခဲ့တဲ့အန်ဒရီအကြောင်းတွေးခဲ့ပြီးလှောင်ပြုံးတစ်ခုနဲ့ " အန်ဒရီ,ခင်ဗျားရဲ့လျှိုဝှက်ကြံစည်မှုတွေကမအောင်မြင်စေရဘူး "

မုရှင်းယုကရေအများကြီးမထည့်ထား၍သိပ်မကြာခင်မှာပဲရေတိုက်ကျွေးခြင်းကပြီးဆုံးသွားခဲ့တယ်။

သူကကုယွမ်ကျိုးရဲ့ပါးစပ်ထောင့်တွေကိုပဝါနဲ့ညင်သာစွာသုတ်ပေးလိုက်ပြီးနောက်မနေနိုင်ဘဲပြုံးလိုက်မိတယ်... " မစ္စတာကုခင်ဗျားရဲ့အခုပုံစံကအရင်ကထက်ပိုပြီးနူးညံ့သိမ်မွေ့နေတယ် "

ဒါဟာစိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတစ်ခုဖြစ်နိုင်တယ်။ကုယွမ်ကျိုးရဲ့မျက်နှာအသွင်အပြင်ကချက်ချင်းကိုအများကြီးတိုးတက်လာတယ်လို့မုရှင်းယုကခံစားရတယ်။

ထိုနောက်မုရှင်းယုသည်ရိုးရှင်းသောသူနာပြုအတက်ပညာများကိုသင်ယူရန်သူနာပြုဆရာမနောက်သို့လိုက်ခဲ့တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now