Chapter (21)

2.2K 271 1
                                    


ညနေပိုင်းတွင်, ကုယွမ်ကျိုးသည် ထုံးစံအတိုင်း အလုပ်ကိစ္စများဆောင်ရွက်ရန် စာကြည့်ခန်းသို့ သွားခဲ့သည်။

မုရှင်းယုက အရင်ဆေးကြောသန့်စင်ပြီး ညအိပ်ဝတ်စုံကိုလဲ၍ ကုယွမ်ကျိုး၏အခန်းဆီသို့ ပြန်လာသောအခါတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှုတစ်ခု ရှိနေသည်ကိုတွေ့၍ သူပြန်ခေါ်လိုက်တယ်။

" ရှင်းယု! နောက်ဆုံးအခြေအနေတွေ မင်းကို ငါသတင်းပို့မလို့! " ရှောင်ဝမ်းရဲ့အသံက အရမ်းစိတ်လှုပ်ရှားနေတယ်။

" ငါ လန်ရှင်နဲ့ ဆက်သွယ်ပြီးပြီ။ သူတို့က တစ်နှစ်တာ စာချုပ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတယ်။ ထောက်ခံချက် လုပ်အားခက 5 သန်း။ ရှင်းယု မင်းဘယ်လိုမြင်လဲ? "

Blue Heart သည် မုရှင်းယုနှစ်သက်သော ခေါင်းလျှော်ရည်အမှတ်တံဆိပ်ဖြစ်သည်။ သူတို့ပေးသော ထောက်ခံကြေးသည် မုရှင်းယုအတွက် မုန့်ဖိုးငွေပမာဏ အနည်းငယ်နှင့်ပင် နှိုင်းယှဉ်၍မရသော်လည်း အမှန်တကယ်အောင်မြင်မှုမရှိသော ကြယ်ပွင့်အတွက်တော့ တစ်နည်းပြောရရင် ဒါက ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခု ဖြစ်နေပါပြီ။

" အဆင်ပြေပါတယ် " မုရှင်းယုက ထောက်ခံချက် လုပ်အားခကို ဂရုမစိုက်ဘူး။ လန်ရှင်ဟာ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်။

" ဒါဆို ငါအမှတ်တံဆိပ်ကို အကြောင်းပြန်ပြီး သူတို့ဆီသွားပြီးအသေးစိတ်ဆွေးနွေးဖို့ ချိန်းဆိုမှုလုပ်လိုက်မယ် "

" ကောင်းပြီ "

ရှောင်ဝမ်းက နောက်တစ်နေ့တွင် Blue Heart ၏အမှတ်တံဆိပ်သည် သူ(ရှင်းယု)နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် အလွန်ဝမ်းသာသွားပြီး မနက်ဖြန် Blue Heart ရုံးချုပ်မှာ တွေ့ဆုံဖို့ လာရန် သူ့ကို တောင်ဆိုကြောင်း မုရှင်းယုကို ပြောကြားခဲ့တယ်။

မုရှင်းယုက သဘာဝအတိုင်းသဘောတူလိုက်တယ်။ ညဘက်အိပ်ရာဝင်ချိန်ရောက်သောအခါ, မနက်ဖြန် လုပ်စရာတစ်ခုရှိတာမို့ ဂျင်ဆင်းဟင်းရည်ပို့ဖို့ ကုမ္ပဏီကို မလာတော့ဘူးလို့ ကုယွမ်ကျိုးကို ပြောလိုက်တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now