Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)

2.2K 178 2
                                    

ကျိနင်းကလက်တစ်ဖက်နဲ့မေးထောက်ပြီးလေယာဉ်ရဲ့ပြတင်းပေါက်နားမှာတိတ်တိတ်လေးထိုင်ရင်းနောက်ရိုက်မဲ့ရုပ်ရှင်အတွက်အဖွဲ့သားတွေsettingပြင်နေတာကိုကြည့်နေတယ်။

အဖွဲ့သားတွေကသုံးဖက်မြင်ပုံတွေပြသဖို့အတွက်ပစ္စည်းပစ္စယတွေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ဂရုတစိုက်နေရာချနေကြတယ်။မကြာခင်မှာဒီစွန့်ပစ်နယ်မြေကြီးကခြောက်ခြားဖို့ကောင်းလာပြီးစံအိမ်အိုကြီးကိုခံ့ညားသွားစေလိမ့်မယ်။

လေယာဉ်ပေါ်မှာရှိနေတဲ့ကျန်တဲ့သူတွေကကျိနင်းလိုပဲဒီရုပ်ရှင်မှာပါဝင်သရုပ်ဆောင်မဲ့သူတွေဖြစ်တယ်။

ကျိနင်းကကြော့ရှင်းသိမ်မွေ့တဲ့အလှလေးတစ်ယောက်ပါ။ သူ့နှုတ်ခမ်းလေးတွေကရယ်နေသလိုမျိုးအပေါ်ကိုခပ်ပြေပြေလေးမြင့်နေကြတယ်။အသားအရေလေးကနူးညံ့ပြေ‌ပြစ်ပြီးပျားရည်ရောင်မျက်လုံး‌ညိုလေးတွေလည်းရှိတယ်။သူ့တစ်ကိုယ်လုံးကနူးညံ့သိမ်မွေ့တဲ့ခံစားချက်လေးပေးနေတယ်။

ဒါပေမဲ့အခုချိန်မှာတော့ကျိနင်းကသူ့ရဲ့လက်ရှိစရိုက်နဲ့ကိုက်ညီ‌ေအာင်မျက်နှာမှာဘာအမူအရာမှပြမထားဘူး။သူ့ရဲ့နူးညံ့တဲ့ပုံပန်းသွင်ပြင်လေးနဲ့ဆန့်ကျင်ဘက်အနေနဲ့ဒီဝတ္ထုမှာသူကလူတွေကိုအရင်စပြီးစကားမပြောတတ်တဲ့မာနကြီးပြီးခံစားချက်မရှိတဲ့geniusတစ်ယောက်ပါ။

အတွေ့အကြုံရှိပြီးသားကူးပြောင်းသူတစ်ယောက်အနေနဲ့ ကျိနင်းကသူ့ကိုယ်သူလက်ရှိကမ္ဘာရဲ့အခြေခံsettingတွေကိုချိုးဖောက်စေမဲ့အဆင့်နိမ့်အမှားတွေကိုပြုလုပ်ခွင့်ပေးမှာမဟုတ်ပါဘူး။

ကျိနင်းကပြတင်းပေါက်မှန်မှာအရိပ်ထင်နေတဲ့ခန့်ညားတဲ့အမျိုးသားတစ်ယောက်ရဲ့ပံုရိပ်ကိုတိတ်တိတ်လေးကြည့်နေတယ်။ထိုသူကကျိနင်းကူး‌ေပြာင်းလာတဲ့ဝတ္ထုထဲကအဓိကဇာတ်လိုက်သရုပ်ဆောင်ကုချန်ဖြစ်ပါတယ်။

ဒီဝတ္ထုက "interstellar သရုပ်ဆောင်ရဲ့ပြန်လည်မွေးဖွားခြင်း"လို့အမည်ရပြီးအနာဂတ်ကာလမှာအ‌ေခြခံထားတဲ့interstellarဝတ္ထုဖြစ်ပါတယ်။ဒီဝတ္ထုရဲ့အဓိကဇာတ်ကြောင်းကကုချန်ဟာအနာဂတ်ကာလနှစ်ပေါင်းတစ်ရာအကြာမှာပြန်လည်မွေးဖွားလာခဲ့ပြီးသူ့အရင်ဘဝရဲ့အောင်မြင်မှုတွေကိုကျော်ဖြတ်ကာအနုပညာလောကရဲ့ထိပ်ဆုံးကိုပြန်လည်ရောက်ရှိသွားပုံကိုအသေးစိတ်ရေးပြထားတာပါ။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now