Ch 4 - အထင်လွဲနေခဲ့တာလား

842 148 6
                                    

လင်းနို့ကနေရုတ်တရက်ချောမောတဲ့လူငယ်တစ်ယောက်အဖြစ်ပြောင်းသွားတာကိုကြည့်ပြီးတဲ့နောက် ကျိနင်းကသူ့ခံစားချက်တွေကိုဖုံးကွယ်ဖို့မကြိုးစားပါဘူး။အနောက်ကိုသတိနဲ့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးမေးလိုက်တယ် "မင်းဘယ်သူလဲ"

"......"

တုန်လှုပ်သွားတဲ့ထိုလူကမေးခွန်းကိုချက်ချင်းမဖြေဘဲသူ့ကိုရှုပ်ထွေးနေတဲ့အကြည့်နဲ့ကြည့်လာတယ်။ထိုလူကအနီရောင်မျက်လုံးတွေကိုပိတ်လိုက်ပြီးတအောင့်ကြာတော့ပြန်ဖွင့်လိုက်ကာနူးနူးညံ့ညံ့ပြောလာတယ်။

"မင်းတကယ်ကိုယ့်ကိုမမှတ်မိဘူးလား"

ထို့နောက်ထိုလူကကျိနင်းရဲ့အင်္ကျီကသွေးအစွန်းတွေကိုကြည့်ပြီးးမျက်မှောင်ကြုံ့တယ်။သူ့အမူအယာကအေးစက်သွားပြီးအန္တရာယ်ရှိတဲ့အသံနဲ့ပြောလာတယ်။ "မင်းကိုဘယ်သူနာအောင်လုပ်တာလဲ"

"ကျေးဇူးပြုပြီးအခုချက်ချင်းငါ့အခန်းထဲကထွက်သွားပေးပါ"

ကျိနင်းကသူ့လက်ကောက်ဝတ်ကခလုတ်ကိုမြှောက်လိုက်ပြီး "အကယ်၍မထွက်သွားရင် ငါ........"

ကျိနင်းရပ်သွားပြီးအမူအရာကပြောင်းသွားတယ်။မျက်နှာမှာသွေးဆုတ်သွားပြီးနဖူးမှာချွေးသီးတွေထလာတယ်။သူအော်ညည်းလိုက်ပြီးရင်ဘတ်ကအင်္ကျီစကိုဆုပ်ကိုင်ကာရှေ့ကိုနာကျင်စွာလဲကျသွားတယ်။

"ကျိနင်း!"

ထိုလူကကျိနင်းဘေးမှာချက်ချင်းပေါ်လာတာကြောင့်လေထဲမှာဝတ်ရုံရှည်ကခါထွက်သွားတယ်။ပြီးတော့ကျိနင်းကိုသူ့လက်မောင်းထဲထည့်လိုက်တယ်။

သူ့နှုတ်ခမ်းတွေဖွင့်လိုက်ချိန်မှာနှင်းလိုဖြူတဲ့အစွယ်တွေထွက်လာပြီးလက်အိတ်ကိုသွားနဲ့ကိုက်ချွတ်လိုက်တယ်။သူ့လက်ကောက်ဝတ်ကိုကိုက်လိုက်ပြီးကျိနင်းပါးစပ်ထဲသွေးတွေစီးဝင်စေတယ်။

ကျိနင်းခန္ဓာကိုယ်နဲ့ဝိဉာဉ်အရှင်လတ်လတ်ဆွဲဖြဲခံနေရသလိုနာကျင်နေတယ်။သူ့ပါးစပ်ထဲသွေးတွေစီးဝင်လာမှပဲထိုသေမတတ်နာကျင်မှုကသက်သာလာတယ်။

ဒီအချိန်မှာနာကျင်မှုကြောင့်ကျိနင်းရဲ့အသိက‌ေဝဝါးနေတယ်။ထိုလူရဲ့လက်မောင်းတွေထဲအားနည်းစွာမှီထားရင်းအတွေးတစ်ခုကထပ်ခါထပ်ခါပေါ်လာနေတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now