Chapter 29 - ရေအောက်ထဲမှအနမ်း

509 74 3
                                    

ဟောဝူလင်းသူ့အိပ်ရာပေါ်၌ လှဲနေသောမြင်ကွင်းကြောင့် ကျိနင်းအေးခဲသွားရသည်။

ကမ္ဘာအမျိုးမျိုးမှကြောက်စရာမြင်ကွင်းမျိုးစုံကိုမြင်ခဲ့ဖူးသော်လည်း ဟောဝူလင်းရဲ့မြင်ကွင်းကတော့ အမြဲသူ့အားထိတ်လန့်စေမြဲပင်။

သူ့ဒဏ်ရာတွေသက်သာသွားပြီလား? ဒီကမ္ဘာကိုဘယ်လိုရှာတွေ့သွားတာလဲ? ဟယ်ရီနော့စ်ကရောဘာဖြစ်သွားပြီလဲ?

ခေါင်းထဲမှာမေးခွန်းတွေအများကြီးပေါ်လာသော်လည်း ကျိနင်းမိမိကိုယ်ကို ထိန်းသိမ်းလိုက်သည်။

ဒီကမ္ဘာ၌ စွမ်းအင်သုံးစွဲပိုင်ခွင့်ရှိသည်။ သူယခင်ကဟောဝူလင်းနှင့်တွေ့စဉ်ကလို အကူအညီမဲ့နေတာမျိုးမဟုတ်ဘဲ ယခုအချိန်မှာတော့ မိမိကိုယ်ကိုကာကွယ်နိုင်သည်။

သို့သော်လည်း ကျိနင်းစွမ်းအင်တွေကိုသုံးဖို့ကြိုးစားလိုက်ချိန်၌ ခန္ဓာကိုယ်ထဲရှိစွမ်းအင်များအကုန်ခြောက်ခမ်းသွားသလိုခံစားလိုက်ရ

ပြီး စွမ်းအင်အတားအဆီးဖွင့်လိုက်ခြင်းမှာ သူ့ရဲ့စိတ်ကူးယဉ်သာဖြစ်နေသကဲ့သို့ပင်။ မိမိကိုယ်ကိုကာကွယ်ဖို့ကြိုးစားလိုက်ချိန်မှာပင် ဟောဝူလင်းကအိပ်ရာမှထလာကာ သူ့စီသို့ဖြေးဖြေးချင်းလျှောက်လာသည်။

"မင်းရဲ့အားတွေကိုမဖြုန်းတီးနဲ့"

ဟောဝူလင်းကကျိနင်းစီဖြေးဖြေးချင်း ချဉ်းကပ်လာသော်လည်း ကျိနင်း၌ထွက်ပြေးစရာမရှိဘဲ တံခါးကိုမှီ၍သာရပ်တန့်လိုက်ရသည်။

တံခါး၌မှီကာ ကျိနင်းတံခါးဂျက်ကိုလျှောက်စမ်းပြီး တံခါးကိုဖွင့်ကာထွက်ပြေးတာဖြစ်ဖြစ် အော်ဟစ်အကူအညီတောင်းတာမျိုးဖြစ်ဖြစ် လုပ်တော့မဲ့အချိန်၌ ဟောဝူလင်းကခပ်ဟဟရယ်မောလာသည်။ သူကလက်တစ်ဖက်ကိုသုံးပြီး ကျိနင်းအားတံခါး၌လှောင်ပိတ်ထားကာ တစ်ဖက်ကတံခါးလော့ခ်ကို လှည့်လိုက်သည်။ ဟောဝူလင်းကခေါင်းငုံ့လာပြီး ဘာကိုမှဂရုမစိုက်သည့်အပြုံးဖြင့် သူ့အနားသို့ နီးကပ်လာသည်။

"မတရားဘူးလို့ခံစားနေရလား? ဘာလို့ဆိုမင်းကအိပ်မက်ထဲမှာပဲရှိနေသေးလို့လေ" ဟောဝူလင်းကပြောသည် "ဘယ်သူ့ကိုမှရှာနေစရာမလိုဘူး။ ဒီမှာကိုယ်တို့နှစ်ယောက်ပဲရှိတယ်။ ဘယ်သူကမှကိုယ်တို့ကိုနှောင့်ယှက်မှာမဟုတ်ဘူး"

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now