Ch 9- နှလုံးခုန်သံ

688 117 6
                                    

သူ့နှုတ်ခမ်းမှာအေးစက်ပြီးနူးညံ့တဲ့အထိအတွေ့ကိုခံစားနေရတယ်။ဟယ်ရီနော့စ်ကသူ့ကိုနမ်းနေမှန်းသိလိုက်ရတဲ့အခါကျိနင်းဆွံ့အသွားတယ်။

လန့်သွားပြီးဟယ်ရီနော့စ်ရဲ့ရင်ဘတ်ကိုတွန်းထုတ်လိုက်တယ်။သူမကြိုက်တာမျိုးမဟုတ်ပါဘူး။vampireဝတ္ထုထဲမှာလည်းသူတို့နမ်းခဲ့ကြပြီးပြီ။ဒါပေမဲ့ဒီကမ္ဘာမှာတော့သူတို့ကသူငယ်ချင်းတွေသာဖြစ်တယ်။အဲ့ဒါကြောင့်ဟယ်ရီနော့စ်ဒီလိုမျိုးလုပ်လာမယ်လို့မမျှော်လင့်ထားဘူး။

ဟိုလိုလိုဒီလိုလိုဆက်ဆံရေးမရှိတဲ့သူငယ်ချင်းတွေသာဖြစ်တာကြောင့်ဟယ်ရီနော့စ်ကိုနမ်းခွင့်မပေးနိုင်ပေ။

ဟယ်ရီနော့စ်ကိုတွန်းထုတ်ပြီးနှုတ်ခမ်းကိုလက်ဖမိုးနဲ့သုတ်ပစ်လိုက်တယ်။မျက်မှောင်ကြုံ့ထားပြီးနည်းနည်းဒေါသထွက်နေကာအေးစက်စက်မေးလိုက်တယ်"ဘာလုပ်တာလဲ"

ကျိနင်းရဲ့အမူအယာကိုတွေ့လိုက်ရချိန်မှာဟယ်ရီနော့စ်အံ့ဩသွားတယ်။တအောင့်လောက်ငြိမ်သွားပြီးသက်ပြင်းဖွဖွချကာခေါင်းငုံ့လိုက်ပြီးအသံတိုးတိုးနဲ့ပြောလာတယ်"....တောင်းပန်ပါတယ်"

ကျိနင်းနှုတ်ခမ်းတွေကိုစေ့ထားတာမပျော်ရွှင်တဲ့ပုံပေါ်နေတယ်။တကယ်တော့ဟယ်ရီနော့စ်သဝန်တိုလွန်းပြီးဆိုးဆိုးရွားရွားတစ်ခုခုလုပ်လိုက်မှာကိုစိုးရိမ်နေတာပါ။

အနာဂတ်မှာလည်းသူငယ်ချင်းတွေဆက်ဖြစ်နိုင်ပါသေးတယ်ဆိုတာကိုဘယ်လိုပြောရမလဲစဉ်းစားနေတယ်။ဟယ်ရီနော့စ်သူ့စီကိုလက်ဆန့်လိုက်တာကိုမြင်လိုက်ရပြီးရုတ်တရက်မူးဝေသွားတယ်။

"အခုမင်းမှတ်မိမှာမဟုတ်တော့ဘူး ကျိနင်း"

ဟယ်ရီနော့စ်ကမေ့လဲသွားတဲ့ကျိနင်းကိုလက်မောင်းတွေထဲထည့်လိုက်တယ်။နှုတ်ခမ်းထောင့်စွန်းတွေမှာခါးသက်သက်အပြုံးတစ်ခုဖြစ်တည်လာတယ်။ကျိနင်းရဲ့နဖူးကိုညင်သာစွာနမ်းလိုက်တယ်။

"ကိုယ်မင်းကိုမှတ်ဉာဏ်ဟောင်းတွေကိုလည်းသတိမရစေချင်ဘူး"

-----------------------------

ကျိနင်းနိုးလာပြီးကြမ်းပြင်‌ေပါ်ထထိုင်လိုက်တယ်။ဘေးမှာအမျိုးသမီးဇာတ်လိုက်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရှိနေပြီးကုချန်ကသူတို့ဘေးမှာမတ်တပ်ရပ်နေတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now