Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်

422 77 2
                                    

သူ့ရဲ့နှလုံးဘာကြောင့်တဒုတ်ဒုတ်ခုန်နေရလဲဆိုတာ အိုဇာနားမလည်နိုင်ပါ။

ဒါဟာလိုအင်ဆန္ဒလား၊ ပိုင်ဆိုင်လိုခြင်းလား၊ဒါမှမဟုတ် တခြားတစ်ခုခုလားဆိုတာ သူမသေချာပေ။ သို့သော် တခြားသူတစ်ယောက်အပေါ်၌ ထိုသို့ခံစားချက်များဖြစ်ပေါ်လာခြင်းကို မယုံကြည်နိုင်သေးပေ။

အရာအားလုံးအပေါ်၌ သူဟာသဘာဝအားဖြင့် ခံစားချက်ကင်းမဲ့တတ်ပြီး တစ်စုံတစ်‌ယောက်အပေါ်၌ ကောင်းမွန်သောခံစားချက်များ မခံစားတတ်ပေ။ သူ့ရဲ့မွေးစားအဖေကိုတောင်မှ လေးလေးစားစားဆက်ဆံခဲ့ပေမဲ့ မချစ်ခဲ့ပေ။ သူတို့ရဲ့ဆက်ဆံရေးကရှင်းလင်းနေခဲ့တာဖြစ်သည်။ ကျိနင်းနဲ့ကတော့ အရာအားလုံးကရှုပ်ထွေးနေလေသည်။

ပြီးတော့ 'မလုပ်အပ်သည့်အရာ'

သူဟာမလုပ်သင့်သည့်အရာ၏ အစွန်းတစ်ခုကို ကိုင်တွယ်လိုက်မိကြောင်း သတိပြုမိသည်။

သူ့အားထိုသို့ခံစားရအောင် ပြုလုပ်သည့်ပထမဆုံးသူဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်း လက်ရှိညီလေးဖြစ်နေသည်။ သူတို့ဟာသွေးသားတော်စပ်မှုမရှိရင်တောင်မှ နှစ်ယောက်လုံးယောကျာ်းတွေဖြစ်သည်ဆိုသည့် အချက်ကတော့ ပျောက်မသွားပေ။

ရှေ့ဆက်တိုးမိလျှင် သေဒါဏ်ပေးခံရလိမ့်မည်။

ထို့ကြောင့်သူတို့ဟာရှေ့ဆက်ဖို့မဖြစ်နိုင်။

အိုဇာသူ့ကိုယ်သူဆူပူလိုက်သည်။ မဖြစ်နိုင်တာတွေလုပ်နေမိတာပဲ။

သူဟာဘယ်တုန်းကမှ အချစ်အတွက်စိတ်အားမထက်သန်ခဲ့ဖူးပေ။ သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်သည့် လူတစ်ယောက်ကိုရှာတွေ့ပြီးချိန်မှာတော့ ထိုသူအပေါ်၌ချက်ချင်းမှီခိုမိလာသည်။ ဒါဟာတကယ်ကြီးကို...လှောင်ရယ်စရာကောင်းတာပဲ။

ဒါကိုရပ်ပစ်ရမယ်။

နောက်လှည့်မရတဲ့အထိမဖြစ်ခင်လေး။

သို့သော် ဒါဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်တာကို အိုဇာမကြာခင်မှာပဲ သိရှိခဲ့ရသည်။

ကျိနင်းကိုသူနှင့် သီးသန့်တွေ့ဖို့မခေါ်တော့ပေ။ ကျိနင်းဘက်ကအရင်ဆက်သွယ်ပြီး တွေ့ဖို့ပြောရင်တောင် သူဟာအေးစက်စွာပဲငြင်းပယ်ပစ်မည်။ သို့သော် သူ့ရဲ့ဆန္ဒနဲ့ဆန့်ကျင်စွာပဲ ကျိနင်းထံမှာပဲမျက်လုံးတွေကကပ်တွယ်နေမိပြီး ကျိနင်းနှင့်ပတ်သတ်သည့်သတင်းများကို နားစွင့်နေမိပြန်သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now