Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2

520 79 6
                                    

ဒီကမ္ဘာမှာကျိနင်းကလူအတော်လေးသိတဲ့သရုပ်ဆောင်အပြင်အမြတ်ငွေထိုက်သင့်သလောက်ရတဲ့အင်တာတိန်းမန့်ကုမ္ပဏီဆက်ခံသူတစ်ယောက်လည်းဖြစ်သည်။သူ့အဖေကဥက္ကဌဖြစ်ပြီးအစ်မတစ်ယောက်နှင့်ညီတစ်ယောက်လည်းရှိသည်။

သူတို့ကချမ်းသာပေမဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံ‌ရေးရှိကြသည်။သူတို့ကမိသားစုပိုင်ဆိုင်မှုတွေအတွက်တိုက်ခိုက်ကြတာမျိုးမရှိပေ။ကျိနင်းကိုမိသားစုစီးပွားရေးကိုအတင်းအကြပ်ဆက်ခံခိုင်းတာမျိုးမလုပ်ဘဲသရုပ်ဆောင်လမ်းကြောင်းကိုထောက်ပံ့အားပေးကြသည်။

ကျိနင်းကိုဆက်လက်ထောက်ပံ့ပေးရန်သူ့အဖေကနှင့်ကြေးကြီးသောcentral optical brainသဘောတူညီတစ်ခုကိုလည်းပြုလုပ်ထားသည်။ကျိနင်းရဲ့ပုံရိပ်ကိုထိခိုက်စေမည့်အချက်အလက်တွေပေါက်ကြားခြင်းမှကာကွယ်ရန်မှတဆင့်ကျိနင်းနဲ့ပတ်သတ်တာတွေအကုန်ကိုအလိုအလျောက်စစ်ဆေးပေးသွားမည်။

ထိုသဘောတူညီချက်ကယခုလိုအခြေအနေမျိုး၌အလွန်အသုံးဝင်သည်။central optical brainကပိတ်ပင်ထားတာကြောင့်ကျိနင်းရဲ့ဗီလာပြိုကျတဲ့သတင်းကမပေါက်ကြားသေးပေ။ထို့ကြောင့်အပြင်လူတွေကကျိနင်းဆေးရုံတင်ထားရသည်ကိုမသိရှိကြသေး။ထို့သို့မဟုတ်လျှင်ကျိနင်းရဲ့ဖန်တွေဟာအခုချိန်လောက်ဆိုအင်တာနက်ပေါ်မှာသောင်းကျန်းနေလောက်ကြလိမ့်မည်။

ကျိနင်းဒီကိစ္စနှင့်ပတ်သတ်ပြီးဝမ်းသာသည်။သူ့မစ်ရှင်ကကုချန်ကိုဆွဲဆောင်ဖို့ပဲဖြစ်တာကြောင့်တခြားမမျှော်လင့်ထားသောအာရုံစိုက်မှုများကိုမလိုလားပေ။

နာရီအနည်းငယ်လောက်သတင်းလာမေးသွားကြပြီးနောက်ကျိနင်းနားရန်ပြန်သွားကြသည်။သို့သော်တစ်နေ့ခင်းလုံးအိပ်ထားသည့်အတွက်ပင်ပန်းနေတာမျိုးမရှိနေတာကြောင့်သူ့ရဲ့ခလုတ်ကိုဖွင့်လိုက်သည်။

ဖွင့်ကြည့်လိုက်သည့်အခါမှာကုချန်စီမှစာအပါအဝင်မဖတ်ရသေးသောစာများစွာကိုတွေ့လိုက်ရသည်။သူတို့ကရုပ်ရှင်တွေအကြောင်းပေါ့ပေါ့ပါးပါးပြောနေကြစဥ်မှာပင်ကျိနင်းကရုတ်တရက်ကြီးစာမပို့တော့တာကြောင့်ကုချန်ကိုစိတ်ပူစေခဲ့သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now