Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ

804 131 2
                                    

ကျိနင်းပြန်သတိရလာချိန်မှာနောက်တစ်နေ့နေ့လည်တောင်ရောက်‌‌ေနပြီ။

အိပ်ရာကနေဝေဝေဝါးဝါးထလိုက်ပြီးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့လက်ကောက်ဝတ်ကခလုတ်ကိုကြည့်လိုက်တယ်။ဒီနေ့အတွက်ရိုက်ကူးရေးကိုရပ်နားထားမှာဖြစ်ပြီးရိုက်ကွင်းလုံခြုံရေးကိုအတည်ပြုပြီးမှဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်းစာပို့ထားတာဖြစ်တယ်။

ထို့အပြင် ဒါရိုက်တာနဲ့ကုချန်ကသီးသန့်မက်ဆေ့ပို့ထားသေးတယ်။ဒါရိုက်တာကသူ့စီကိုလာခဲ့ပေမဲ့သူ့သူငယ်ချင်းကတားခဲ့တာကြောင့်အဆင်ပြေမပြေသိချင်ကြောင်းနဲ့ကုချန်ကလည်းအလားတူစာမျိုးချန်ထားတယ်။

ဒီစာတွေကိုကြည့်နေရင်းကျိနင်းရဲ့‌ေယာက်ယက်ခတ်‌ေနတဲ့အတွေးတွေကဖြေးဖြေးချင်းတည်ငြိမ်လာတယ်။စာမပြန်ခင်မှာသူမေ့မလဲသွားခင်ဘာဖြစ်ခဲ့တယ်ဆိုတာရုတ်တရက်ပြန်သတိရလာတယ်။ဟောဝူလင်းကပြန်ပေါ်လာပြီးသူ့ကိုကယ်ခဲ့သူကဟယ်ရီနော့စ်ဖြစ်တယ်။

အဲ့ဒီ့အချိန်မှာခံစားခဲ့ရတဲ့အအေးဓာတ်ကသူ့ရင်ဘတ်မှာကျန်ရှိနေသေးသလိုပဲ။ကျိနင်းရင်ဘတ်ကိုသတိမမူဘဲထိလိုက်မိတယ်။ system အနာဂတ် ကပြန်ရှင်သန်နိုင်တယ်ပြောပေမဲ့သေခြင်းကနေလွတ်မြောက်နိုင်ခဲ့တဲ့အတွက်ကံကောင်းတယ်လို့ခံစားနေရတယ်။

ဟယ်ရီနော့စ်ကသူ့မှတ်ဉာဏ်တွေကိုဖတ်ထားပြီးပြန်ပြင်ထားပြန်တယ်ဆိုတာကိုသိလိုက်ရတယ်။ဟယ်ရီနော့စ်ကသူ‌ဟောဝူလင်းကိုသိနေတယ်လို့သံသယဝင်တာဖြစ်ဖြစ်အခြားသံသယတွေရှိနေတာမျိုးဖြစ်မယ်။သူ့မှတ်ဉာဏ်တွေကိုစစ်ဆေးကြည့်တာကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအတည်ပြုဖို့ဖြစ်လောက်မယ်။

ကျိနင်းကအဲ့ဒီ့အချိန်မှာသတိမေ့နေပြီးဘာမှမလုပ်နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်အနာဂတ်ကပဲဟယ်ရီ‌ေနာ့စ်သူ့မှတ်ဉာဏ်တွေကိုမဖတ်ခင်မှာမှတ်ဉာဏ်တုတွေဖန်တီးခဲ့တာဖြစ်မယ်။ဒါကြောင့်ဟယ်ရီနော့စ်ကသူမသိသင့်တဲ့ကူးပြောင်းခြင်းနဲ့ဆိုင်တဲ့အချက်အလက်တွေကိုရှာမတွေ့သွားတဲ့အပြင်သူကဟောဝူလင်းကိုမသိဘူးဆိုတာကိုလည်းယုံသွားတယ်။အဲ့ဒါကြောင့်ဟယ်ရီနော့စ်ကသူ့မှတ်ဉာဏ်တွေကိုပြောင်းလဲပစ်ကာဟောဝူလင်းလာသွားတဲ့မနေ့ညကအကြောင်းကိုလည်းဖျက်ပစ်လိုက်တယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now