Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး

662 111 3
                                    

ကျိနင်းအမှောင်ထဲနစ်မြုပ်သွားပြီးနားထဲမှာထပ်နေတဲ့အသံတွေကိုကြားနေရတယ်။ ထိုအသံတွေကလူအမျိုးမျိုးနဲ့ဘာသာစကားအမျိုးမျိုးကနေလာနေတယ်။ အမျိုးသားနဲ့အမျိုးသမီး လူကြီးနဲ့လူငယ် လူနဲ့တိရစ္ဆာန် ဟိန်းဟောက်သံတွေနဲ့အော်ဟစ်ငိုယိုသံတွေ။ တချို့အသံတွေဆိုကျိနင်းဘာမှန်းတောင်မသိဘူး။

သူတို့အကုန်လုံးကသူ့ နာမည်ကိုခေါ် နေတယ်။ ငိုကြွေးတယ်။ ငြီးငြူတယ်။ သွေးမျက်ရည်တွကျနေသလို ခါးသီးစွာအော်ဟစ်နေကြတယ်။ကျိနင်းနှလုံးသားအောက်ခြေထိအေးစက်သွားပေမဲ့ထိုခေါ်သံတွေကသူ့ကိုလုံးဝစွဲဆောင်ထားတယ်။

သူရှေ့ကိုလှမ်းဖို့ကြိုးစားပေမဲ့အဆုံးမရှိတဲ့ချောက်နက်ကြီးထဲပြုတ်ကျသွားတယ်။ပြုတ်ကျသွားချိန်မှာအမှောင်ထဲ၌မှုန်ဝါးဝါးပုံရိပ်တွေပေါ်လာတယ်။

ထိုပုံရိပ်ကအဖြူရောင်ဖယောင်းတိုင်တွေဒါဇင်နဲ့ချီပြီးရှိနေတဲ့မှောင်မည်းနေသောအခန်းတစ်ခုပါ။သူတို့ကအပြာရောင်ရင့်ရင့်အရောင်နဲ့လောင်ကျွမ်းနေကြပြီးသူတို့ဘေးပတ်ဝန်းကျင်ကအပြာရောင်ဖျော့ဖျော့လင်းနေပြီးအဖြူရောင်အရိုးတွေနဲ့လုပ်ထားတဲ့ယဇ်ပလ္လင်ကိုအရောင်တောက်ပသွားစေတယ်။

အရိုးယဇ်ပလ္လင်ရဲ့အောက်မှာလူနဲ့ရောသားရဲတိရစ္ဆာန်နဲ့ရောတူတဲ့အရိုးတောင်ကြီးရှိနေတယ်။အရိုးတွေကအနည်းငယ်တုန်ရင်နေပြီးမပီမသအသံတစ်ခုကိုပြုလုပ်နေတယ်။တအောင့်လောက်နားထောင်ကြည့်ပြီးတဲ့နောက်ထိုအသံတွေကသူ့နာမည်ကိုခေါ်နေတဲ့အသံတွေဖြစ်ကြောင်းသတိပြုမိသွားတယ်။

ဆက်ပြီးပြုတ်ကျသွားချိန်မှာပုံရိပ်ကပြောင်းသွားပြီးယဇ်ပလ္လင်ရဲ့အလယ်ကိုပြသလာတယ်။အပြာရောင်ဖယောင်းတိုင်မီးရောင်အောက်မှာငွေရောင်ဆံနွယ်နဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်။

ထိုလူကအမည်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးငွေရောင်ဆံနွယ်တွေကရေတံခွန်လိုမျိုးပုခုံးပေါ်ကိုဖျာကျနေတယ်။ထိုလူကချောမောပေမဲ့အေးစက်ပြီးပြင်းထန်တင်းမာတဲ့အရှိန်အဝါတစ်ခုကိုသယ်ဆောင်ထားတယ်။အရိုးပလ္လင်ပေါ်ထိုင်နေတဲ့ထိုအမျိုးသားရဲ့အကြည့်တစ်ချက်ကတောင်လူတွေကိုချွေးပျံသွားစေနိုင်တယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now