Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်

543 96 7
                                    

ဟောဝူလင်းစကားပြောပြီးပြီးချင်းမှာပဲတွန့်လိမ်နေသောအနက်ရောက်အရိပ်ဟာမြေပြင်ပေါ်ကနေထလာပြီးအနက်ရောင်နံရံဟာကျိနင်းနဲ့ဟယ်ရီနော့စ်စီပြေးလာတယ်။

ဟယ်ရီနော့စ်ရဲ့ကိုယ်ကရာချီသောသွေးစုပ်ဖုတ်ကောင်လင်းနို့ငယ်များအဖြစ်ပြောင်းသွားပြီးကျိနင်းကိုအမွေးထူထူပိုးအိမ်ထဲမှာကာကွယ်ထားတယ်။

သရဲအရိပ်က လင်းနို့အကောင်လေးတွေအားနံရံကြီးနဲ့တိုက်မိသွားသလိုမျိုးဘုန်းကနဲရိုက်မိသွားတယ်။အချို့အရိပ်တွေကနံရံကနေပြန်ကန်ထွက်သွားပြီးသူတို့ရဲ့မျက်နှာပြင်မှာအက်ကွဲရာတွေပေါ်လာတယ်။

အရာအားလုံးကလျင်မြန်စွာပဲဖြစ်သွားတယ်။လက်ရှိမှာတော့ကျိနင်းကသာမန်လူလိုမျိုးဘာစွင်းအားမှရှိမနေဘူး။သူမတုံ့ပြန်နိုင်ခင်မှာပြလင်းနို့တွေနဲ့အရိပ်တွေကသူ့ကိုဖုံးကွယ်သွားတယ်။နောက်တစ်စက္ကန့်မှာပဲလူပုံစံပြန်ဖြစ်သွားတဲ့ဟယ်ရီနော့စ်ကသူ့ကိုမချီလိုက်ပြီးနောက်မြေပြင်ပေါ်ကိုပေါ့ပေါ့ပါးပါးပြန်ဆင်းလာယ်။

ပြင်းထန်သောပျက်စီးမှုဟာဗီလာရဲ့အလိုအလျောက်အချက်ပေးမှုကိုဖြစ်ပေါ်စေတယ်။ဤနေရာဟာထိပ်တန်းလုံခြုံရေးနဲ့အတူအလွန်ချမ်းသာတဲ့အိမ်ရာဖြစ်တယ်။အကြမ်းဖက်မှု သို့မဟုတ် တရားမဝင်လုပ်ရပ်များကိုကျူးလွန်သူအားဖမ်းဆီးမည့် တိုက်ခိုက်မှုစွမ်းရည်မြင့်မားသောလုံခြုံရေးစက်ရုပ်အဖွဲ့ကစီမံမှာဖြစ်တယ်။

လုံခြုံရေးစက်ရုပ်အဖွဲ့ကဗီလာဝင်ပေါက်ကို‌ရောက်လာကြပြီးအဆောက်အဦးထဲဝင်ရင်ခွင့်ပြုချက်မရထားသောဟောဝူလင်းအားဝိုင်းရံလိုက်ကြတယ်။သူတို့ကဟောဝူလင်းကိုသေနတ်နဲ့ချိန်လိုက်ကြပြီးအချက်ရေအချို့ပစ်လိုက်ကြတယ်။

တဆက်ထဲမှာပဲဟယ်ရိနော့စ်ကသွေးစီးကြောင်းကိုထုတ်လိုက်ပြီးဟောဝူလင်းစီကိုပို့လိုက်တယ်။

ဟောဝူလင်းကသက်ပြင်းချလိုက်ပြီးခေါင်းငုံ့ကာပြောတယ် "ကိုယ်စိတ်ဆိုးမိတော့မယ်"

သူကကော်ဖီစားပွဲပေါ်ကနေပုံမှန်မဟုတ်တဲ့အမြင့်နဲ့ခုန်လိုက်ပြီးလေထဲမှာတပတ်လှည့်ကာလုံခြုံရေးစက်ရုပ်တွေကိုပြင်းထန်စွာကန်လိုက်တယ်။စက်ရုပ်လည်ပင်းကသတ္တုစပ်သံပြားကျိုးသွားပြိးခေါင်းကလည်းလွင့်ထွက်သွားကာခန္ဓာကိုယ်ကကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားတာကြောင့်ဘုန်းကနဲမည်သွားတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now