Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်

524 89 1
                                    

ရထားလုံးပျံထဲ၌အခြေအနေကပြင်းထန်နေသည်။ရင်ချွမ်းချုံရဲ့မျက်လုံးတွေကကျိနင်းကိုစိုက်ကြည့်ရင်းကျုံ့ဝင်သွားကာရုတ်တရက်သူ့စီလျှောက်လာသည်။

သေးငယ်တဲ့သားပေါက်လေးရဲ့ကိုယ်ကြောင့်ကျိနင်းကကြောက်စရာကောင်းလှတဲ့အရှိန်အဝါကြီးကိုမခံစားနိုင်ဘူး။မြေပြင်ပေါ်မှာတုန်ရင်စွာလှဲလျောင်းနေရင်းသတိလစ်တော့မတတ်ပေ။ထိုစဥ်အေးစက်တဲ့လက်တစ်စုံရဲ့ရုတ်တရက်ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။

ရှည်လျားတဲ့ဓားတစ်‌ေချာင်းဟာဓားအိမ်ထဲမှထွက်လာပြီးလေထုထဲ၌၎င်း၏စွမ်းအားဟာပြန့်လွင့်နေသည်။ချီရုဝမ်ကရင်ချွမ်းချံကိုဓားနှင့်ရွယ်လိုက်ချိန်မှာသေဆုံးခြင်းစွမ်းရည်ဟာဝိဥာဥ်စွမ်းအင်နှင့်ရိုက်ခတ်သွားသည်။ပြင်းထန်သည့်စွမ်းအင်တွေကြောင့်ရထားလုံးအပြင်ကမကောင်းဆိုးဝါးတွေဟာကြောက်ရွံ့သွားကြပြီးထွက်ပြေးကုန်တာမို့ရထားလုံးတစ်ခုလုံးပြင်းထန်စွာလှုပ်ရှားနေသည်။

"ချွမ်းချုံ ရပ်လိုက်"

ရထားလုံးမှာအက်ကြောင်းသေးသေးလေးတွေထင်လာတာကြောင့်ယွင်သောင့်ကသူ့ကိုသတိပြန်ဝင်လာအောင်လုပ်ဖို့ကြိုးစားသည်။ "ရင်းရွှယ် ချီရုဝမ်ကိုရပ်ဖို့ပြောလိုက်"

အပြင်ကနေသတိထားမိလောက်အောင်ရထားလုံးအတွင်းမှာဗြောင်းဆန်နေသည်။စက္ကန့်အနည်းငယ်အတွင်းမှာကင်းစောင့်နေတဲ့အစောင့်တွေမြင်းပျံစီးကာရောက်ရှိလာပြီးသူတို့၏ဓားတွေနှင့်ရထားလုံးကိုဝန်းရံလိုက်ကြသည်။

"အရှင် အဆင်ပြေရဲ့လား? ဘာဖြစ်တာလဲ?"

ကန့်လန့်ကာကတဆင့်ကျိနင်းအပြင်ကအရိပ်တွေကိုမြင်ရသည်။သူစိတ်ပူမိသည်။ချီရုဝမ်ကဘယ်လောက်ပဲသန်မာပါစေဦးရင်ချွမ်းချုံရဲ့သောင်းနဲ့ချီတဲ့လာက်အောက်ငယ်သားတွေကိုဘယ်လိုရင်ဆိုင်နိုင်ပါ့မလဲ။

"ရုဝမ် အဆင်ပြေတယ် ချွမ်းချုံကလူဆိုးမဟုတ်ဘူး ဓားကိုဖယ်လိုက်"

ကျိနင်းချီရုဝမ်ရဲ့လက်မောင်းထဲခုန်ဝင်လိုက်သည်။ထပ်ခါထပ်ခါပြောပြီးမှချီရုဝမ်ကဓားကိုချလိုက်ပြီးရင်ချွမ်းချုံကလည်းသူ့ရဲ့စွမ်းအင်တွေကိုထိန်းချုပ်လိုက်ပြီးသူ့ရဲ့အေးစက်စက်မူလပုံစံအတိုင်းပြန်ဖြစ်သွားသည်။ကျိနင်းစီကတော့အကြည့်မလွှဲပေ။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now