Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

253 52 2
                                    

မီးခိုးငွေ့လုံးကြီးများ လေယာဉ်ထံမှ တရိပ်ရိပ်ထွက်လာ၏။ Fuji က အရှိန်မြှင့်စက်အား အားပြင်းပြင်းဖြင့်ပိတ်ချလိုက်ပြီး စွန့်ပစ်ထားသည့် မိုင်းတွင်းဥမင်လှိုဏ်ခေါင်းစီသို့ ဦးတည်ချက်ပြောင်းလိုက်ရသည်။ လေယာဉ်လေးတစစီဖြစ်မသွားခင် လျှို့ဝှက်အခြေစိုက်စခန်းရဲ့တံခါးကိုဖွင့်ကာ အလျင်အမြန်လေယာဉ်ကိုဆိုက်လိုက်ရသည်။

မြေပြင်သို့ရောက်လျှင်ရောက်ချင်း အထဲရှိမီးလုံးများနှင့် ခလုတ်များမှာ သုံးမရတော့ပေ။ Fuji တစ်ယောက်ထိန်းချုပ်ခလုတ်ပေါ်၌ တံတောင်ဖြင့်ထောက်ထားပြီး မျက်နှာကိုကွယ်ထားကာ အချိန်အကြာကြီးစကားမပြောတော့ပေ။ လေယာဉ်နောက်ခန်းမှ အသံအကျယ်ကြီး‌တစ်သံ ပေါ်ထွက်လာပြီး‌နောက်ပိုင်း၌ စကားလုံးအချို့ကို သွားကြားထဲမှ လေသံဖြင့်ပြောလာသည်။

"ဒီကထွက်သွားကြ"

"..."

လေယာဉ်၏သတ္တုနံရံကို ပစ်ချက်တစ်ခုထဲဖြင့် အရည်ဖျော်ပစ်လိုက်သည့် နှင်းကဲ့သို့ဆံနွယ်များနှင့် နတ်သားလေးဟာ လက်ချောင်းထိပ်မှ အလင်းရောင်ကို တိတ်တဆိတ် ငြှိမ်းသတ်လိုက်ပါသည်။ အထိအခိုက်မရှိသည့် ရေလှောင်ကန်လေးကို တွန်းသွားပြီး Fujiအားဖြတ်သွားသည့်အခါ တိုးတိုးလေးပြောလိုက်ပါသေးသည် "တောင်းပန်ပါတယ်"

ဟောဝူလင်းက ခေါင်းငဲ့လျက် ခပ်ဟဟရယ်ကာ သူ့ဘေး၌ ပျံသန်းနေသည့် ဝိဉာဉ်များကို ရုတ်သိမ်းလိုက်ပါ၏။ သူကအိတ်ကပ်ထဲလက်ထည့်ကာ လေ‌ယာဉ်ပေါ်မှ ခုန်ဆင်းသွားပြီး အထဲ၌ အနီရောင်ဆံပင်နှင့် လူတစ်ယောက်သာကျန်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် Fujiကနောက်သို့တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည့်အခါ ပျက်ဆီးလုနီးပါးဖြစ်နေသည့်လေယာဉ်ကိုမြင်လိုက်ရပြီး သတိလစ်မတတ်ဖြစ်သွားတော့သည်။

လေယာဉ်ပေါ်မှဆင်းလာသည့်တလျှောက် ကန်ထဲမှာရေကူးရင်း စွန့်ပစ်ထားသည့် မိုင်းတွင်းဥမင်လှိုဏ်ခေါင်းက မြေအောက်အခြေခံစခန်းတစ်ခုအဖြစ် သေချာလေးပြုပြင်‌ထားကြောင်း ကျိနင်းမြင်လိုက်ရသည်။ မူလက ဤတောင်ကို စွမ်းအင်ကျောက်တုံးများကို မိုင်းခွဲထုတ်ဖော်ရန် အသုံးပြုခဲ့တာဖြစ်သည်။ အလုပ်ပြီးသွားသည့်အခါ မိုင်းတွင်းကိုစွန့်ပစ်လိုက်ကြပြီး နောက်ပိုင်း၌ Fuji ကဈေးနည်းနည်းဖြင့် ဝယ်ခဲ့တာဖြစ်သည်။ ၎င်းဟာ သူနှင့် Ark တို့ဝတ္ထု၏အစောပိုင်းအခန်းများ၌ အတူနေခဲ့သော အဓ်ကနေရာဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now