Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?

794 142 4
                                    

ဟောဝူလင်းသူ့လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်ချိန်မှာကျိနင်းရဲ့နှလုံးခုန်သံတွေပြင်းထန်စွာလှုပ်ရှားသွားတယ်။အထူးသဖြင့်အိပ်မက်ဆိုးထဲကသွေးစွန်းနေတဲ့မြင်ကွင်း‌ကိုမြင်ပြီးချိန်မှာမှန်ထဲကဟောဝူလင်းကိုကြည့်တောင်မကြည့်ရဲတော့ဘူး။

"ဟယ်ရီနော့စ်!"

ဒါပေါ့ ကျိနင်း infinite flow ကမ္ဘာထဲက်ုဟောဝူလင်းခေါ်သွားခံရတာမလိုချင်ပါဘူး။သူမသေချင်သေးဘူး။ဒါကြောင့်တံခါးအပြင်ကသွေးမျိုးနွယ်မင်းသားစီကအကူအညီတောင်းဖို့တုံ့ဆိုင်းမနေခဲ့ပါဘူး။ဒါပေမဲ့ဘာတုန့်ပြန်ချက်မှမရဘူး။

ကျိနင်းရဲ့နှလုံးသားကတိတ်ဆိတ်မှုထဲနစ်မြုပ်သွားတယ်။ဒီနေရာကပြင်ပလောကနဲ့ပိုင်းခြားခံလိုက်ရပြီထင်တယ်။

ဒါပေမဲ့မသိရတဲ့အကြောင်းအရင်းအချို့အတွက်ဟောဝူလင်းကသူ့လက်ကိုလွှတ်လိုက်ပြီးမှန်ထဲကိုပျောက်သွားတယ်။

ရေချိုးခန်းထဲကမီးပျက်သွားပြီးတစ်ခန်းလုံးကအမှောင်ထဲရောက်သွားတယ်။ဘာမှမမြင်ရတော့တဲ့ကျိနင်းကဒီနေရာမှာဆက်မနေချင်တော့ဘူး။တံခါးအစွန်းဘက်ကိုလျှောက်သွားပြီးအပြင်ဘက်ကိုစမ်းကြည့်လိုက်တယ်။အဲ့ဒါမှထွက်သွားနိုင်မှာ။

အခန်းပြင်မှာရှိနေတာက‌အိပ်ခန်းရဲ့နွေးထွေးတဲ့အလင်းရောင်မဟုတ်ဘဲမိုးသံနဲ့အတူနှစ်သက်ဖွယ်မကောင်းတဲ့အဖြူရောင်အလင်းတန်းတွေရှိနေတယ်။တံခါးကြားကနေလေအေးတချက်တိုက်လာတယ်။တစ်ခုခုမှားနေပြီလို့ခံစားရသောကြောင့်တံခါးပိတ်ဖို့လုပ်လိုက်ပေမဲ့သူ့ဘာသာသူပွင့်ထွက်သွားတယ်။

တံခါးအပြင်ဘက်မှာရှိနေတာကတိတ်ဆိတ်ပြီးမှောင်မိုက်တဲ့လမ်းတစ်ခုပါ။မိုးကပြင်းထန်စွာရွာနေပြီးလမ်းမပေါ်မှာရေအိုင်လေးတွေဖြစ်နေတယ်။မှိတ်လိုက်ပွင့်လိုက်ဖြစ်နေတဲ့လမ်းမီးတိုင်တွေကနေအလင်းရောင်မှိန်မှိန်ထွက်နေပြီးရေအိုင်တွေပေါ်မှာရောင်ပြန်ဟပ်နေတယ်။

လမ်းနှစ်ဘက်လုံးမှာ‌အဆောက်အဦနိမ့်လေးတွေသေသေသပ်သပ်ရှိနေတယ်။အကုန်လုံးကနှစ်ထပ်ဒါမှမဟုတ်သုံးထပ်တိုက်လေးတွေဖြစ်ပြီးပထမထပ်မှာဈေးဆိုင်လေးတွေဖွင့်ထားတယ်။တံခါးတိုင်းမှာဆိုင်းဘုတ်လေးတွေချိတ်ထားတယ်။ဆိုင်ပြတင်းပေါက်တွေမှာမိုးရေတွေစီးနေပြီးမီးမထွန်းထား‌တာကြောင့်သူတို့လက်ရေးတွေကဝါးနေပြီးဖတ်မရဘူး။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now