Ch 19- ဆရာ

460 89 0
                                    

လိုင်ကိုထွက်သွားခိုင်းလိုက်ပြီးနောက်မှာဘာဇာတ်လမ်းမှမရှိတော့ဘဲကျိနင်းတစ်ယောက်လုပ်စရာမရှိတော့ပေ။အရမ်းပင်ပန်းနေတာကြောင့်အနားယူရန်လှဲလိုက်ပြီးမြန်မြန်ပဲအိပ်ပျော်သွားသည်။

ပြန်နိုးလာသည့်အချိန်မှာဂိမ်းထဲကထွက်သွားနှင့်ပြီဖြစ်ပြီးဆေးရုံဝန်းထဲကကုတင်ပေါ်မှာလှဲနေတာကိုတွေ့လိုက်ရသည်။

အပြင်မှာကောင်းကင်ကြီးလင်းထိန်နေသည်။အိပ်ပျော်နေချိန်မှာဂိမ်းထဲကမသိလိုက်ဘဲထွက်သွားပြီးတစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာဖြစ်သည်။

အသင့်ရှိနေတဲ့စက်ရုပ်ကကျိနင်းနိုးလာတာကိုတွေ့တဲ့အခါကျိနင်းကိုနံနက်စာယူလာပေးပြီးဆရာဝန်ကိုအသိပေးလိုက်သည်။

နံနက်စာစားပြီးတဲ့နောက်မှာဆရာဝန်ကသူအဆင်ပြေနေပြီဖြစ်ကြောင်းအတည်ပြုလိုက်ပြီးအချိန်မရွေးဆေးရုံဆင်းနိုင်ပြီဖြစ်ကြောင်းပြောသည်။ကျိမိသားစုကပို့လိုက်သည့်ကားနှင့်ဆေးရုံဆင်းလိုက်သည်။သူ့ဗီလာကဖျက်ဆီးခံလိုက်ရတာကြောင့်မိသားစုတွေနေတဲ့ဗီလာကိုပြန်ဖို့ရွေးချယ်လိုက်သည်။

ပြန်နေတဲ့လမ်းမှာကျိနင်းသူ့ခလုတ်ကိုစစ်ကြည့်လိုက်သည်။နိုတီတစ်ခုကသူဂိမ်းထဲကထွက်သွားပြီဖြစ်‌ကြောင်းအတည်ပြုပေးလိုက်သည်။ "နောက်လာမည့်အဖြစ်အပျက်များနှင့်ရွေးချယ်စရာများကိုစောင့်နေပါ" ထိုအသိပေးစာကလွဲလို့ဂိမ်းကသူ့ခလုတ်မှာဘာခြေရာမှမကျန်ခဲ့သောကြောင့်ဘယ်လိုအဟတ်ခံလိုက်ရတယ်ဆိုတာကိုမဆုံးဖြတ်နိုင်ပေ။

အလုပ်မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့လမ်းမှာခလုတ်အသစ်ဝယ်ဖို့ရပ်လိုက်သည်။ကံလေးနည်းနည်းကောင်းရင်အဲ့ဒီ့ဂိမ်းစုတ်ကိုမတွေ့ရတာမျိုးဖြစ်နိုင်သည်။

ကျိမိသားစုအိမ်ကိုပြန်ရောက်ပြီးတဲ့နောက်မှာကျိနင်းရှားပါးစွာဖြင့်တစ်ရက်လုံးအနားရသည်။သူ့ကိုတွယ်ကပ်နေသည့်ဇာတ်လိုက်တွေမရှိပါ။ကုချန်နဲ့သာစာအနည်းငယ်ပို့ပြီးအားလပ်ချိန်ကိုလွတ်လပ်စွာဖြတ်သန်းနေသည်။

သို့သော်ကျိနင်းကအလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။အနားယူနေသင့်ပေမဲ့မိသားစု၁၂စုစီကလူငယ်လေးတွေချီရုဝမ်အလောင်းကိုပြန်ပြီးပြုပြင်လိုက်ပြီလားဆိုတာစိတ်ပူနေမိသည်။ဟယ်ရီနော့စ်အခုချိန်ထိပျောက်နေသေးတာကိုလည်းအနည်းငယ်စိုးရိမ်နေမိသေးသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now