Ch-30 ငါသူ့ကိုလိုချင်တယ်

464 66 4
                                    

"ငါသူ့ကိုလိုချင်တယ်"

ရေပြင်အထက်၌ အဖြူရောင်ဆံနွယ်များနှင့် နတ်သားလေး၏ ချောမောလှသောအသွင်အပြင်က သန့်စင်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏အေးစက်သောမျက်လုံးများနှင့် သွေးစက်များစွန်းနေသည့်အသွင်က သူ၏ပုံရိပ်နှင့်လုံးဝမလိုက်ဖက်ပေ။ ရေလှောင်ကန်၏အနက်ပိုင်းကို စိုက်ကြည့်ရင်း သူ၏‌ငွေရောင်မျက်လုံးများက ကျိနင်း၏အကြည့်နှင့် တွေ့ဆုံသွားကြသည်။

ထိုသူ၏ပြီးပြည့်စုံစွာ ထုဆစ်ထားသောမျက်နှာကိုကြည့်ရင်း ကျိနင်းဘယ်နေရာရောက်နေမှန်းချက်ချင်း သတိပြုမိသွားသည်။

ယခုအချိန်၌ နေရာအ‌နှောင့်အယှက်နှင့် အချိန်အနှောင့်အယှက်က ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရေသူထီးကိုယ်ထဲကိုရောက်သွားရုံသာမက ကမ္ဘာပျက်ကပ်ဝတ္ထုထဲသို့ပါ ပို့ဆောင်ခံလိုက်ရသည်။

ဤဝတ္ထုကို "သာမန်ထက်သာလွန်သောနတ်သား(Archangel)" ဟုခေါ်တွင်သည်။ ဝတ္ထုမှာ နည်းပညာအလွန်ဖွံ့ဖြိုးသော စစ်ပွဲအတွင်း၌ အလွန်တိုးတက်ကြီးမားသည့်ဂြိုလ်တစ်လုံးဖျက်ဆီးခံလိုက်ရသည့် အလွန်ဝေးကွာလှသောအနာဂတ်ကာလ၌ အခြေတည်ထားသည်။ ဂြိုလ်၏အလယ်ဗဟိုကပေါက်ကွဲထွက်သွားပြီး မျက်နှာပြင်တစ်ခွင်လုံး ကမ္ဘာ့အတွင်းလွှာထဲမှ အရည်ပူများနှင့်လွှမ်းမိုးနေတာကြောင့် ထိုနေရာ၌နေထိုင်သူများမှာ ဂြိုလ်၏အကျော်မှ ဂြိုလ်သိမ်းဂြိုလ်မွှားများစီသို့ ပြောင်းရွှေ့ခဲ့ရပြီး ထောင်နှင့်ချီသောကိုလိုနီများ ဖြစ်တည်လာခဲ့သည်။

ထိုဂြိုလ်များမှ အခြေအနေဟာ ခက်ထန်သည်။ ရာသီဥတုကဆိုးရွားကာ အသက်ရှင်သန်နိုင်စွမ်းနှုန်းကလည်းနိမ့်ကျသည်။ သို့သော် ထွက်ပြေးလာသောလူများမှာ အတိတ်ကာလမှ နည်းပညာကိုမှီခို၍ အသက်ရှင်သန်နိုင်ခဲ့ကြသည်။ စစ်ပွဲ၏ရက်စက်လှသောနေ့ရက်များအတွင်း၌ လျင်မြန်စွာပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်ရန် ဂြိုလ်နိုင်ငံများမှာ မျိုးဗီဇဆိုင်ရာပြုပြင်ပြောင်းလဲခြင်း၏ မလုပ်သင့်သောကိစ္စတစ်ခုကိုချိုးဖောက်ခဲ့ကြသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now