Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ

539 80 2
                                    

မျက်စိရှေ့မှာကွေးနေတဲ့စာကြောင်းတွေကိုမြင်နေရပြီးအခန်းရဲ့သွင်ပြင်ကလည်းပြောင်းသွားတာကြောင့်ကျိနင်းနှလုံးတစ်ချက်တုန်သွားသည်။သူဒီဂိမ်းကိုဆက်ပြီးမကစားချင်ပါ။သို့သော်သုံးဖက်မြင်ပုံရိပ်တွေထဲဆွဲသွင်းခံလိုက်ရပြီးလက်ကောက်ဝတ်ကခလုတ်ကပျောက်သွားပြီဖြစ်သည်။ဂိမ်းကသူ့ဘာသာပြီးသွားမှသာပြန်ထွက်လို့ရမှာဖြစ်သည်။

အရင်အတွေ့အကြုံအရဂိမ်းကိုအဆုံးသတ်ချင်ရင်Chapterတစ်ခုကိုကိုပြီးမြောက်မှဖြစ်မည်။

တအောင့်လောက်တိတ်ဆိတ်စွာရပ်နေပြီးမှသက်ပြင်းချပြီးစတင်လှုပ်ရှားတော့သည်။ဒီဂိမ်းနဲပတ်သတ်ပြီးတစ်ခုခုမှားနေမှန်းသိနေပေမဲ့သူလုပ်နိုင်တာဘာမှမရှိပေ။

သူ့ရှေ့တည့်တည့်၌အိမ်တစ်လုံးရှိနေသည်။ကျောက်တုံးနံရံတွေနှင့်ပြုလုပ်ထားပြီးအထဲမှာထူးဆန်းသည့်ဆွေးမြည့်နေသောပရိဘောဂတွေလည်းရှိနေသည်။ပြတင်းပေါက်တွေကလည်းကွဲနေပြီးအမိုးတွေပါပေါက်နေတာကြောင့်အထဲမှကြယ်တွေစုံနေသောကောင်းကင်ကြီးကိုမြင်နေရသည်။

သူသည်ရှုပ်ထွေးသောအတွန့်အတွန့်များဖြင့်ပြုလုပ်ထားသည့်အမည်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည်။လက်ထဲမှာသစ်ပင်အခေါက်ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းတစ်ခုလည်းရှိနေပြီးခြေထောက်အောက်မှာလည်းဂျာမန်စာလုံးများဖြင့်ရေးဆွဲထားသည့်စက်ဝိုင်းတစ်ဝက်ရှိနေသည်။

သူဟာနာမည်ဆိုးဖြင့်ကျော်ကြားသောမှော်နက်သုံးစွဲသူအိုင်ဒိုလန်ဖြစ်သည်။

(အရင်Chapter၌လိုင်ဆန်ဂါအားပိဒိမြို့သို့လာရောက်စစ်ဆေးရန်အဖြစ်အပျက်များဖန်တီးခြင်းကိုရွေးချယ်ခဲ့ပါသည်။မကြာခင်၌သူနှင့်သူ့အဖော်တွေဟာဤအိမ်ထဲသို့ဝင်လာပါလိမ့်မည်။ကျေးဇူးပြု၍သူတို့ဝင်မလာခင်စိတ်ဖြင့်ပို့ဆောင်ခြင်းအားပြီးမြောက်အောင်ပြုလုပ်ပါ)

ထိုညွှန်ကြားချက်တွေဟာကျိနင်းကိုစိတ်ဖြင့်ပို့ဆောင်ခြင်းကိုဘယ်လိုလုပ်ရမယ်ဆိုတာမပြောဘဲပေါ်လာကြသည်။သို့သော်ဘယ်လိုလုပ်ရမယ်ဆိုတာသိပြီးသားဖြစ်သည်။အနောက်တိုင်းစိတ်ကူးယဥ◌်ဝတ္ထုထဲ၌ထိုကဲသို့သောပုံစံမျိုးကိုတစ်ပုံစံတည်းပြုလုပ်ခဲ့ဖူးသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now