Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2

473 91 4
                                    

ငွေရောင်ဆံပင်နဲ့လူကမျက်လွှာချလိုက်ပြီးကျိနင်းကိုကမ်းပေးနေတဲ့လက်ကိုရုတ်လိုက်ကာပြောသည်။ "အရမ်းမလွန်နဲ့တော့"

ဒါကိုကြားတော့ကောင်မလေးကစားပွဲပေါ်မှာခြေထောက်ချိတ်ထိုင်လိုက်သည်။ဖြေထောက်ဖွေးဖွေးလေးတွေကအမည်းရောင်စကပ်အောက်မှာပေါ်နေသည်။သားပေါက်လေးကိုသူ့လက်ထဲမထည့်မချင်းထွက်သွားဖို့ငြင်းဆန်နေသည်။

"ချွမ်းချုံ ကျွန်မနောက်နေတာမဟုတ်ဘူးနော် သူ့ကိုယောကျာ်းလေးလားမိန်းကလေးလားကြည့်ခွင့်မပေးရင်ဘယ်လိုနာမည်ပေးလို့ရမှာလဲ"

ဒီကောင်လေးကယောကျာ်းလေးဆိုတာသေချာသလောက်ပဲ။မဟုတ်ရင်ဘာလို့သူမကိုရှောင်နေမှာလဲ? ဥာဏ်ကောင်းတဲ့အကောင်စုတ်လေး။

"ရင်းရွှယ်" ရင်ချွမ်းချုံကအကောင်ပေါက်လေးကိုပေါင်ပေါ်တင်ပြီးသူ့ခေါင်းလေးကိုလက်ချောင်းသွယ်တွေနဲ့ ဖွဖွလေးပွတ်ကာ "သူ့ကိုရင်းရွှယ်လို့ပဲခေါ်လိုက်ပါ"

"ရင်းရွှယ်"

ကောင်မလေးကမျက်မှောင်ကျုံ့သည်။သူမရဲ့သားရဲနားရွက်လေးတွေကလှုပ်ရှားနေကြသည်။

သူမအဲ့ဒီ့နာမည်ကိုအဲ့လောက်မကြိုက်ပေ။ဒါပေမဲ့ရင်ချွမ်းချုံကပြောပြီးပြီဆိုတော့ထပ်ငြင်းလို့မရတော့ဘူး။အရမ်းအရေးကြီးနေရင်တော့နာမည်ပြောင်လေးပဲပေးလိုက်မယ်။

ယွင်သောင့်ကနာမည်ပြောင်ကိုခက်ခက်ခဲခဲစဥ်းစားနေချိန်မှာပဲသူမကမ္ဘာ့ဆွဲအားရဲ့အလယ်ကိုရောက်သွားသည်။သတိမထားမိခင်မှာပဲသူမကလေထဲမှာမျောနေကာရင်ချွမ်းချုံရဲ့ချီစွမ်းအင်ကသူမအားရထားလုံးအပြင်သို့ခေါ်ထုတ်သွားသည်။သူမကမြေပြင်ပေါ်ကိုညင်ညင်သာသာလေးကျသွားပြီးရထားလုံးရဲ့လိုက်ကာစကပိတ်သွားကာပြင်ပကမ္ဘာနှင့်ပိုင်းခြားထားသည်။

ယွင်သောင့်မအံ့ဩမိပါ။သူမအချိန်အကြာကြီးနေရင်ချွမ်းချုံကသူမအားနှင်ထုတ်တတ်သည်။ချွမ်းချုံ အလုပ်ရှုပ်နေမှာကိုနားလည်ပါသည်။၎င်းနှင့်ကျင့်သားရနေပြီဖြစ်သည်ဒါပေမဲ့...

"ဟင်"

ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပေမဲ့သားပေါက်လေးကိုမတွေ့ပေ။ဆိုလိုတာရင်ချွမ်းချုံရဲ့ရထားလုံးထဲမှာပဲရှိနေသေးတာဖြစ်မည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWaar verhalen tot leven komen. Ontdek het nu