Ch 20 (1)

450 94 1
                                    

လူသတ်ချင်စိတ်မွှန်နေတဲ့အလောင်းကကျိနင်းရှေ့မှာဒူးထောက်နေတာကိုတွေ့ရတဲ့အခါအားလုံးမှင်သက်သွားကြသည်။မိသားစု၁၂စုကကလေးတွေဟာလည်ချောင်းနင်သွားကြပြီးမေ့လဲတော့မလိုခံစားနေရတာကြောင့်မျက်နှာကဖြူတလှည့်နီတလှည့်ဖြစ်နေသည်။

ထိုရက်စက်တဲ့အလောင်းကသူ့ဆရာကိုအသိအမှတ်ပြုသွားပြီ...အဲ့ဒီ့လူကိုသူ့ဆရာအဖြစ်တကယ်အသိအမှတ်ပြုလိုက်ပြီ...

လူငယ်လေးတွေအကုန်သွေးအန်မတတ်ဖြစ်သွားကြသည်။

သူတို့ကရှောင်းမိသားစုကမဟုတ်ပေမဲ့ပြုပြင်ထားတဲ့အလောင်းကသူတို့ရဲ့ဆရာကိုပဲအမိန့်ပေးသူအဖြစ်လက်ခံကြတာကိုသိထားသည်။သူတို့ကမွေးဖွားလာလာချင်းမှာဥာဏ်ပညာမရှိကြသေးပေ။သူတို့ရဲ့အသိဥာဏ်ကိုနေ့စဥ်ပြန်လည်ပြုပြင်ခြင်းဖြင့်ဖြေးဖြေးချင်းတိုးမြှင့်ပေးရမှာဖြစ်သည်။

ချီရုဝမ်လူသတ်ချင်စိတ်မွှန်နေသည့်အလောင်းကောင်အဖြစ်သို့ပြောင်းလဲသွားချိန်မှာသူ့ကိုပြန်လည်ထိန်းချုပ်ဖို့မျှော်လင့်ချက်မရှိတော့ဘူးဟုထင်ခဲ့ကြသည်။လူသတ်စိတ်မွှန်နေတဲ့အလောင်းတစ်‌ကောင်ဟာသွေးဆာနေသည့်တိရစ္ဆာန်တစ်ကောင်ထက်မပိုဘဲအမိန့်တွေကိုလည်းလျစ်လျူရှုကာလူသတ်ချင်တာတစ်ခုပဲသိကြသည်။သူတို့ကဖျက်ဆီးပစ်ရမည့်မကောင်းဆိုးဝါးများသာဖြစ်သည်။သို့သော်လူနည်းနည်းလေးနှင့်နှစ်နှစ်ထောင်သက်တမ်းရှိအလောင်းကိုဘယ်လိုယဥ်ပါးအောင်ပြုလုပ်နိုင်ပါမည်နည်း။အခုချိန်ထိလွတ်မြောက်နေနိုင်တာပင်အံ့ဩစရာကောင်းနေပြီ။သတ်ဖို့ကိုဘယ်လိုများတွေးနိုင်ပါမည်နည်း။

သူတို့ကကြီးမားတဲ့ဆုံးရှုံးမှုတွေကိုခံစားခဲ့ရသည်။သူတို့ရဲ့တန်ဖိုးကြီးရတနာတွေလည်းအကုန်ကုန်သွားပြီးကြောက်စရာကောင်းတဲ့အခြေအနေကြီးထဲရောက်ရှိနေကြသည်။သို့သော်ထူးဆန်းတဲ့လူငယ်တစ်ယောက်ပေါ်လာပြီးအလောင်းကသူ့ကိုဆရာအဖြစ်အသိအမှတ်ပြုလိုက်သည်။သူ့ကိုစကားတောင်ပြောနေပြီးမမျှော်လင့်ထားတဲ့အသိဥာဏ်လည်းရှိနေသည်။

အကြောင်းပြချက်ကဘာလဲ?

ဆယ်ကျော်သက်လေးတွေဟာအံ့ဩစိတ်ကြောင့်နေရာမှာတင်တောင့်ခဲနေကြသည်။အနက်ရောင်ဝတ်ရုံရှည်နှင့်ဧကရာဇ်ကကျောမတ်လိုက်ပြီးသူတို့ဘက်ကိုလှည့်ကြည့်လာမှသာစိတ်ကူးနေတဲ့အခြေအနေကနေလွတ်မြောက်လာကာနောက်ပြန်ဆုတ်ရန်ဝရုန်းသုန်းကားဖြစ်ကုန်သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးحيث تعيش القصص. اكتشف الآن