Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!

731 130 3
                                    

ကျိနင်းရဲ့ပထမဆုံးအတွေးကရုပ်ရှင်ဇာတ်ညွှန်းပြောင်းသွားတာမဟုတ်ပါဘူး။ဟောဝူလင်းသူ့နောက်ကိုထပ်လိုက်လာပြန်ပြီလား။သူ့တကိုယ်လုံးကြောက်ရွံ့မှုကြောင့်တောင့်တင်းသွားတယ်။

ဒါပေမဲ့နားကြပ်ကနေဒါရိုက်တာရဲ့ညွှန်ကြားချက်ကိုရုတ်တရက်ကြားလိုက်ရတယ်။ဇာတ်ညွှန်းပြောင်းသွားပြီဖြစ်ပြီးအမျိုးသမီးဇာတ်လိုက်ကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့တဲ့ လိကွေး ဇာတ်ကောင်နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေကြောင်းပြောလာတယ်။ကျိနင်းကိုကာရိုက်တာနဲ့လိုက်ဖက်နေသရွေ့စိတ်တိုင်းကျသရုပ်ဆောင်နိုင်ကြောင်းပြောတယ်။

ဒါရိုက်တာကအစားထိုးလိုက်တာလား?

သူ့ရဲ့လက်မှာအမျိုးသမီးဇာတ်လိုက်ရဲ့သွေးတွေစင်လာတာမို့လန့်သွားတယ်။တကယ့်သွေးအစစ်နဲ့တော့ကွာခြားပါတယ်။အပူချိန်ကအေးလွန်းပြီးသံချေးလိုအနံ့မျိုးရှိမနေပေ။

ကုချန်ခုလေးတင်ပြောလိုက်တဲ့ဝါကျကမူရင်းဝတ္ထု "interstellar သရုပ်ဆောင်ပြန်လည်မွေးဖွားခြင်း" ထဲကဖြစ်ကြောင်းရုတ်တရက်သတိရသွားတယ်။

ဝတ္ထုဇာတ်လမ်းထဲမှာ သရဲစံအိမ်ကိုရိုက်ကူးနေချိန်ဒါရိုက်တာကကုချန်ကိုသရဲဝင်ပူးခံထားရတဲ့ final boss အဖြစ်သရုပ်ဆောင်ခိုင်းရန်ဇာတ်ညွှန်းကိုပြောင်းလိုက်သည်။

ထိုသရဲကအိမ်အိုကြီးထဲတွင်ပိတ်မိနေသည့်ဝိဉာဥ်မဟုတ်ဘဲအမျိုးသမီးဇာတ်လိုက်နောက်ကိုအချိန်အကြာကြီးလိုက်နေသည့်သူဖြစ်သည်။ထိုသူကသူမကိုနက်ရှိုင်းစွာချစ်မိနေပေမဲ့သူမကတော့သူ့ရဲ့တည်ရှိမှုကိုတောင်မသိပေ။

သရဲစံအိမ်ထဲမရေမတွက်နိုင်တဲ့နာကြည်းခြင်းစွမ်းအင်တွေရရှိသွားပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ခန္ဓာကိုယ်ဖြစ်ပေါ်လာတယ်။စံအိမ်ထဲကသရဲတွေကိုလူသားတွေအားတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ရန်ထောင်ချောက်ဆင်ခဲ့တယ်။အမျိုးသားဇာတ်လိုက်သေဆုံးသွားရင်ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကိုလဲလှယ်ကာအမျိုးသားဇာတ်လိုက်၏ခန္ဓာကိုယ်ကိုအသုံးပြုပြီးတိတ်တိတ်လေးချစ်ခဲ့ရသည့်မိန်းကလေးနှင့်ထာဝရအတူရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now