Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1

485 86 2
                                    

ဝတ္ထုအမျိုးမျိုးရဲ့ကမ္ဘာတွေပေါင်းစည်းနေတာမို့ကျိနင်းမကောင်းဆိုးဝါးတွေသရဲတွေနဲ့ဂိမ်းဇာတ်ကောင်တွေကိုပါမြင်ခဲ့ရသည်။ဒါပေမဲ့သူတို့အကုန်လုံးကပြင်းထန်သည့်စရိုက်ကိုပိုင်ဆိုင်ထားကြသည်။နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းကသေဆုံးသွားတဲ့ချီရုဝမ်လိုမဟုတ်ပေ။

သူတကယ်ထွက်သွားပြီပဲ...

ဆယ်ကျော်သက်တွေရဲ့စကားကိုကြားခါစကမယုံနိုင်ခဲ့ပေ။ချီရုဝမ်ကရှေးခေတ်နန်းတွင်းဇာတ်လိုက်သက်ဦးဆံပိုင်ဘုရင်တစ်ယောက်ဆိုပေမဲ့မွေးဖွားခြင်းနာဖျားခြင်းအိုမင်းခြင်းသေဆုံးခြင်းသံသရာမှမလွန်မြောက်နိုင်တာကိုသိထားပါသည်။သို့သော်ရုတ်တရက်ကြီးကြားလိုက်ရတာကြောင့်သူ့နှလုံးသားထဲမှာလစ်ဟာမှုနှင့်ပူဆွေးခြင်းကိုခံစားလိုက်ရသည်။

ရှေးခေတ်နန်းတွင်းကမ္ဘာမှာသူကချီရုဝမ်နှင့်ဆယ်နှစ်အတူနေထိုင်ခဲ့ပြီးသူ့ကိုပျိုးထောင်ခဲ့သည်။

ကျိနင်းကအတော်လေးဆင်ခြင်ဥာဏ်ရှိတဲ့သူတစ်ယောက်ပါ။ကမ္ဘာပေါင်းများစွာကိုဖြတ်သန်းပြီးတဲ့နောက်မှာကူးပြောင်းသူတစ်ယောက်အနေနှင့်မိမိနေထိုင်ခွင့်မရှိတဲ့ကမ္ဘာမှာစိတ်ပိုင်းဆိုင်ရာခံစားချက်တွေအများကြီးပါဝင်လို့မရဘူးဆိုတာနားလည်ထားပါသည်။သို့သော်လူသားတွေရဲ့ခံစားချက်တွေဟာအကြောင်းပြချက်တွေနှင့်ထိန်းချုပ်နိုင်တာမျိုးမဟုတ်ပေ။အချိန်တွေကြာပြီးနောက်မှာတော့ကျိနင်းကမ္ဘာတွေနဲ့အဲ့ဒီ့ကမ္ဘာကလူတွေကိုသံယောဇဥ်မဖြစ်ပဲမနေနိုင်ခဲ့ပေ။နောက်ပြီးချီရုဝမ်ဟာသူအနှစ်သက်ဆုံးသူတွေထဲမှတစ်ယောက်ဖြစ်သည်။

သို့သော်လည်းသူကချီရုဝမ်ကိုသားတစ်ယောက်အဖြစ်ပဲသဘောထားခဲ့သည်။သူနဲ့ချီရုဝမ်ပထမဆုံးတွေ့ဆုံချိန်မှာချီရုဝမ်ကခြောက်နှစ်ပဲရှိသေးသည်။

ကမ္ဘာတွေစတင်ပြီးပေါင်းစည်းချိန်မှာကျိနင်းတခြားဇာတ်လိုက်တွေဘယ်လိုပေါ်လာမယ်ဆိုတာမတွေးမိတာမျိုးမဟုတ်ပါ။ဒါပေမဲ့ချီရုဝမ်ရဲ့ကမ္ဘာနဲ့ရင်ချွမ်းချုံရဲ့ကမ္ဘာကမတူညီတဲ့အချိန်ကာလအတွင်းမှာပေါင်းစည်းသွားမယ်လို့မမျှော်လင့်ထားပေ။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now