Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်

589 95 2
                                    

(မနေ့မင်းတို့ချစ်သူတွေလားဆိုပြီးမေးတဲ့အခန်းကပါတီမှာပါနော် ကျိနင်းမူးနေတဲ့အချိန်က)

အခန်းကတိတ်ဆိတ်သွားတယ်။ကျိနင်းသူမူးနေတဲ့ညကဘာတွေဖြစ်ခဲ့မှန်းမသိဘူးအဲ့ဒါကြောင့်အခုထူးဆန်းနေတဲ့လေထုကြောင့်ကြောင်တောင်တောင်ဖြစ်နေတယ်။

ဒါပေမဲ့ ဟယ်ရီနော့စ်ရဲ့အမူအရာကပုံမှန်ပြန်ဖြစ်သွားပြီးကုချန်ကိုပြောတယ် "ငါလည်းပဲရှောင်နင်းတစ်ခုခုဖြစ်မှာကိုမလိုလားပါဘူး။ငါသူ့ကိုဂရုစိုက်လိုက်ပါ့မယ် မင်းတခြားဘာပြောစရာရှိသေးလဲ"

သူကပြုံးနေပေမဲ့သူ့လေသံကအေးစက်စက်ဖြစ်နေတယ်။ကုချန်ကဘာမှဆက်မပြောတော့ဘဲကျိနင်းကိုခေါင်းညိမ့်ပြပြီးပြောတယ် " ဒါဆိုကျွန်တော်အရင်သွားနှင့်တော့မယ်စီနီယာ ကျန်းမာရေးဂရုစိုက်ပါ ညစာစားဖို့အတွက်လည်းဖိတ်လိုက်ပါ့မယ်"

"အင်း"

ကျိနင်းခေါင်းညိမ့်တယ်။တအောင့်လောက်ရပ်သွားပြီးမှထပ်ပြောတယ် "မင်းပြန်သွားတဲ့အခါအလုပ်ကြိုးစား မကြာခင်မှာပြန်တွေ့မယ်"

ထိုစကားလုံးတွေကိုကြားတဲ့အခါကုချန်ရဲ့နှလုံးသားလေးနွေးထွေးသွားတယ်။ဘာလို့ဆိုကျိနင်းထိုစကားပြောနေချိန်မှာသူ့မျက်နှာလေးကကို့ရို့ကားယားဖြစ်နေတယ်။သူကတခြားသူတွေရှေ့မှာဒီလိုနူးညံ့တဲ့ဘက်ခြမ်းလေးကိုပြလေ့မရှိဘူး။

ဒါဆိုသူနဲ့ကျိနင်းကြားကအကွာအဝေးကလျော့သွားပြီလား နည်းနည်းလေးဆိုရင်တောင်မှလေ?

၎င်းကရိုးရှင်းတဲ့ဝါကျတိုတိုလေးပါပဲ။ဒါပေမဲ့ကုချန်ရဲ့နှလုံးသားထဲမှာမနေ့ညထဲကရှိနေတဲ့နာကျင်မှုဟာပျောက်ကွယ်သွားတယ်။ သူကခေါင်းညိမ့်လိုက်ပြီးနူးညံ့စွာပြုံးရင်း "ကျေးဇူးပါစီနီယာ ကျွန်တော်သေချာပေါက်အလုပ်ကြိုးစားပါ့မယ်"

"ကြိုးစားရမှာပေါ့"

ကျိနင်းကသူ့ရဲ့ကို့ရို့ကားယားနိုင်မှုကနေသက်သာလာပြီးကုချန်ကိုခေါင်းမော့ကြည့်လိုက်တယ်။ "အကယ်၍သရုပ်ဆောင်ကုရဲ့ဂုဏ်သိက္ခာမင်းကြောင့်ပျက်စီးသွားရင်ခွင့်လွှတ်မှာမဟုတ်ဘူး"

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးOpowieści tętniące życiem. Odkryj je teraz