Ch 11- ဇနီးလောင်း

684 89 4
                                    

ထိုအမည်းရောင်ဖိနပ်သူ့မျက်စိရှေ့ပေါ်လာသည့်အချိန်၌ကျိနင်းအေးစက်ပြီးထိုင်းမှိုင်းတဲ့အရှိန်အဝါတစ်ခုကျရောက်လာတာကိုခံစားမိလိုက်တယ်။ ၎င်းကသူ့အားအလိုလျောက်တုန်ယင်သွားစေတယ်။သူ့အမြီးလေးကိုဖမ်းဆုပ်လိုက်ပြီးတုန်ယင်နေတဲ့အမွှေးလုံးလေးအဖြစ်သူ့ကိုယ်သူကျုံ့လိုက်တယ်။

ရင်ချွမ်းချုံများလား...

သူ့ရှေ့ကလူကိုမော့မကြည့်ရဲတာကြောင့်ရင်ချွမ်းချုံဟုတ်မဟုတ်မပြောနိုင်ပေ။သူကအလွန်ပြောင်းလဲသွားပြီးရင်းနှီးခဲ့ဖူးသောလူငယ်လေးမဟုတ်တော့ပေ။

"ဟေး ဒီမှာအသက်ရှင်နေတဲ့သူရှိသေးတာလား?"

ဂူထဲမှာအမျိုးသမီးတစ်ယောက်အသံပေါ်လာပြီးဂုတ်ကနေရုတ်တရက်ဆွဲမခံလိုက်ရတာကိုကျိနင်းခံစားလိုက်ရကာလှပတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်။

ကျိနင်းကိုကောက်မလိုက်သူကလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးခေါင်းမှာအမွေးပွပွနားရွက်တစ်စုံရှိနေတယ်။သူမကအမည်းရောင်ပိတ်ကျဲဝတ်စုံကိုဝတ်ထားကာရင်ဘတ်ပိုင်းကိုဖော်ပြထားတယ်။သူမရဲ့ခြေထောက်တွေကဘာမှဝတ်မထားဘဲမြေပြင်ပေါ်ကိုအနည်းငယ်မြင့်တက်နေတယ်။

သူမရဲ့နောက်မှာအမြီးလေးကယမ်းနေပြီးစိတ်ကောင်းဝင်နေကြောင်းဖော်ပြနေတယ်။သားပေါက်သေးသေးလေးဖြစ်နေတဲ့ကျိနင်းကိုလက်ထဲမှာကိုင်ထားပြီးစူးစမ်းစွာကြည့်နေတယ်။သူမရဲ့လှုပ်ရှားမှုနဲ့အတူလက်ကောက်ဝတ်မှာချည်ထားတဲ့ငွေ‌ရောင်ခေါင်းလောင်းလေးတွေကလည်းတချွင်ချွင်မည်နေတယ်။

နားရွတ်တွေနဲ့ခေါင်းလောင်းတွေ။ယွင်သောင့်များလား။

ရှေးဟောင်းငွေရောင်ခေါင်းလောင်းကြိုးတွေကိုမြင်လိုက်ရတော့ကျိနင်းမသိစိတ်ကမျက်လုံးဖွင့်လိုက်မိပြီးဆူညံသံသေးသေး‌လေးလုပ်လိုက်မိတယ်။ဒါပေမဲ့မိန်းကလေးရဲ့မျက်လုံးထဲမှာတော့သားပေါက်လေးကကြောက်နေပြီးအမြီးကအမွေးလေးတွေတောင်ပွလာတယ်။

"သွေးပူဇော်ပွဲလုပ်ထားတာတောင်မှမင်းကအက်ရှင်နေသေးတာပဲ။ကောင်လေး မင်းကံကောင်းတယ်"

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now