Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့

618 90 6
                                    

ရင်ချွမ်းချုံရဲ့ကမ္ဘာမှပြန်လာပြီးနောက်အနောက်တိုင်းစိတ်ကူးယဥ်ဝတ္ထုဧ။်ဇာတ်ဆောင်ကိုတွေ့ခဲ့ရတယ်။သုံးဖက်မြင်ပုံရိပ်တစ်ခုသာဖြစ်သော်လည်းကျိနင်းအတော်လေးလန့်သွားခဲ့ရတယ်။

ဆိုလိုသည်မှာအနောက်တိုင်းစိတ်ကူးယဥ်ကမ္ဘာသည်လက်ရှိကမ္ဘာနှင့်ပေါင်းစည်းမည့်လက္ခဏာတွေကိုပြသနေတယ်။ကျိနင်းဂိမ်းရဲ့အသွင်အပြင်ကတိုက်ဆိုင်မှုတစ်ခုလို့မထင်ပါ။ဂိမ်းရဲ့ဆက်တင်ကသူနေထိုင်ခဲ့တဲ့ဝထ္တုရဲ့ဇာတ်လမ်းနဲ့အတိအကျထပ်တူညီနေသည်။

အနောက်တိုင်းစိတ်ကူးယဥ်ဝတ္ထု၌ကျိနင်းဟာဝတ္ထုအစောပိုင်းကဗီလိန်တစ်ယောက်ဖြစ်ကာသွေးအေးတဲ့စရိုက်ရှိတဲ့မှော်နက်သုံးစွဲသူတစ်ယောက်ဖြစ်တယ်။သူကဇာတ်လိုက်လိုင်ဆန်ဂါရဲ့နည်းပြလည်းဖြစ်တယ်။

မူရင်းဝတ္ထုထဲ၌မှော်နက်သုံးစွဲသူသည်လိုင်ရဲ့အရည်အချင်းကိုသဘောကျသောကြောင်ြလိုင်ဟာအလင်းဘုရားကျောင်းကတပည့်ဖြစ်တယ်ဆိုတြ့အချက်ကိုလျစ်လျူရှုပြီးပြန်ပေးဆွဲကာအတင်းအကြပ်မှော်ပညာကိုသင်ယူစေခဲ့တယ်။သူ့ရြ့လက်အောက်ငယ်သားတစ်ယောက်အနေနဲ့လိုင်ဟာအင်မတန်ဆိုးရွားသောဘဝဖြင့်နေထိုင်ခဲ့ရတယ်။

ရေှီရောင်ဆံပင်တွေနဲ့ထိုကောင်လေးရဲ့သုံးဖက်မြင်ပုံကိုတွေ့ရတော့ကျိနင်းဟာထိုအဖြစ်အပျက်တွေကိုပြန်သတိရလာတယ်။ဒါပေမဲ့ထိုကမ္ဘာအတွင်း၌ဝတ္ထုရဲ့ဇာတ်လမ်းကိုပြင်ဆင်ခွင့်ရထားပြီးဖြစ်တယ်။လိုင်ကိုအောင်နိုင်ရေးအတွက်မူရင်းဇာတ်လမ်းအတိုင်းမလုပ်ခဲ့ပေ။

သူ့ရဲ့ခလုတ်မှာရောင်ပြန်ဟပ်နေသောသုံးဖက်မြင်ပုံရိပ်တွင်ချောမောသောစစ်သားတစ်ယောက်ဟာခါးတွင်ဓါးတစ်ချောင်းကိုဝတ်ထားပြီးမတ်မတ်ရပ်နေတယ်။အားမာန်အပြည့်နှင့်သူဧ။်အပြုံးသည်နူးညံ့နေပြီးသက်သောင့်သက်သာရှိနေသည်။

အချိန်ကြာလာသည်နှင့်အမျှကောင်လေးသည်ဂိမ်းဇာတ်ကောင်ကဲ့သို့သူ့ကိုယ်ဟန်အနေအထားကိုပြောင်းလဲကာသူ့ဓားကိုဆွဲထုတ်၍ရှုပ်ထွေးသောလှုပ်ရှားမှုများကိုလုပ်ဆောင်သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now