Ch 28 - သဝန်တိုခြင်း

416 63 0
                                    

ရင်ချွမ်းချုံကမ္ဘာ၌ ရက်အတော်ကြာကုန်လွန်သွားပြီးနောက် သူတို့ရဲ့ပန်းတိုင်ကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ၎င်းဟာ တိမ်တွေထိတိုင်မြင့်မားလှသည့် ခန်းရှန်တောင်ပေါ်၌ တည်ဆောက်ထားသော ခမ်းနားလှသည့်နန်းတော်တစ်ခုဖြစ်ပြီး အလွန်လှပကာ တဆက်တည်းမှာပဲ အန္တရာယ်လည်းများလှသည်။

ခန်းရှန်နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်ပိုင်း၌ ကျိနင်း ရင်ချွမ်းချုံကိုသိပ်မတွေ့ရပေ။ အလုပ်များနေပြီး အားလပ်ချိန်တောင်မရှိပုံရသည်။ တဖက်မှာတော့ ယွင်သောင့်ကဘာမှလုပ်စရာမရှိနေဘဲ ကျိနင်းကိုမကြာခဏ အဖော်ပြုပေးသည်။

"...ဒါကရှန်းတုမြို့အရှင်ကိုသွားတွေ့ရတဲ့အကြောင်းအရင်းပဲလေ။ ဂိုဏ်း၁၂ဂိုဏ်းထဲကနောက်ဆုံးလက်ကျန် သုံးဂိုဏ်းကိုရှင်းပစ်ဖို့ မြို့အရှင်ကငါတို့နဲ့ပူးပေါင်းချင်နေတယ်"

ယွင်သောင့်ကဝိဥာဥ်သစ်သီးတစ်လုံးကိုစားရင်းပြောသည် "အဲ့ဒီ့ဂိုဏ်းသုံးဂ်ုဏ်းကမကြာခင်သေတော့မယ်ဆိုတာသူသိနေတယ်လေ။ တုံးမနေဘူးဆိုရင်တော့ ဘယ်သူနဲ့ပူးပေါင်းရမယ်ဆိုတာသိမှာပဲ..."

ပြောနေရင်းမှ ကောင်လေးကိုခေါင်းငဲ့ကြည့်လိုက်သည်။ ကောင်လေးကတွေဝေနေပုံပေါ်တာကြောင့် ရှင်းပြတာကိုရပ်လိုက်ပြီး "ထားလိုက်တော့ မရှင်းပြတော့ဘူး။ မင်းအတွက်တော့ ပျင်းစရာကောင်းပြီး နားလည်နိုင်လောက်မှုမဟုတ်ဘူး"

ကျိနင်းကချစ်စရာကောင်းစွာ မျက်တောင်ခတ်ပြီး သူမကိုအပြုံးသေးသေးလေး ပြုံးပြလိုက်သည်။အပြစ်ကင်းသည့် သားရဲပေါက်‌လေးကာရိုက်တာကို သရုပ်ဆောင်နေတာကြောင့် နာမလည်ဟန်ဆောင်လိုက်သည်။

သူဝင်နှောင့်ယှက်စရာမလိုပေ။ ရင်ချွမ်းချုံနှင့် ရှန်းတုမြို့အရှင် ပူးပေါင်းမှုက မူရင်းဝတ္ထုထဲ၌ပါပြီးသားဖြစ်သည်။ သူတို့နှစ်ယောက်ဟာ ကျန်ရှိနေသည့် ဂိုဏ်းသုံးဂိုဏ်းကို အတူတကွ ဖျက်ဆီးခဲ့ကြပြီး ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ကြသည်။ ထို့ကြောင့် ထိုသူဟာယုံကြည်လို့ရသည့်သူဖြစ်ပြီး ဖုံးကွယ်ထားသည့် ထောင်ခြောက်များမရှိကြောင်း ကျိနင်းသိသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWo Geschichten leben. Entdecke jetzt