Ch 20 (2)

474 93 4
                                    

ယွင်သောင့်အုတ်ဂူအပြင်ကိုထွက်ကာလျှောက်လမ်း၌ရပ်၍ထွက်ပေါက်ကိုရှာနေသည်။မြေအောက်နန်းတော်ကကြီးလွန်းသည်။ဝင်လာတဲ့လမ်းကိုနည်းနည်းတော့မှတ်မိပေမဲ့ချီရုဝမ်စီကနေအလန့်တကြားပြေးခဲ့ရတာမို့ဘယ်နေရာကနေဝင်လာမှန်းမမှတ်မိတော့ဘူး။

ချီရုဝမ်သူ့ရှေ့ကနေဖြတ်သွားပြီးညာဘက်ကိုကွေ့သွားသည်။ယွင်သောင့်ကချီရုဝမ်တော့ဒီနေရာကိုသိလောက်သည်ဟုတွေးမိတာကြောင့်နောက်ကနေလိုက်သွားလိုက်သည်။သို့သော်တဖြေးဖြေးလမ်းကြောင်းပိုပိုနက်လာပြီးချီရုဝမ်အလောင်းထားရာအဓိကအုတ်ဂူကြီးစီပြန်ရောက်သွားသည်။

အဓိကအုတ်ဂူကရှုပ်ပွနေသည်။ကျေက်ခဲကျိုးအပိုင်းအစတွေနှင့်အမှိုက်တွေကကျိုးနေတဲ့အခေါင်းဘေးမှာပြန့်ကြဲနေသည်။စောစောကချီရုဝမ်နှင့်ယွင်သောင့်၏တိုက်ခိုက်မှုရဲ့ခြေရာလက်ရာတွေဖြစ်သည်။

အုတ်ဂူကိုရောက်တော့ယွင်သောင့်သူမဒီနေရာကိုပထမဆုံးအကြိမ်ဘယ်လိုရောက်ခဲ့လဲဆိုတာမှတ်မိသွားသည်။သို့သော်ချီရုဝမ်ကသူတို့ကိုလမ်းကြောင်းအရှည်ကြီးခေါ်လာတာဖြစ်သည်။ဒီတိုင်းထွက်သွားလည်းရရဲ့သားနဲ့ဘာလို့အဓိကအုတ်ဂူစီပြန်ခေါ်လာတာပါလိမ့်။

ချီရုဝမ်ကဘာမှမပြောဘဲသားပေါက်လေးကိုခေါင်းပေါ်တင်ကာကျိုးနေတဲ့အခေါင်းစီကိုလျှောက်သွားသည်။သူကပစ္စည်းတစ်ခုကိုကုန်းကောက်လိုက်ပြီးအင်္ကျီလက်နှင့်သုတ်ကာစိုက်ကြည့်နေသည်။

ယွင်သောင့်ချောင်းကြည့်လိုက်တဲ့အချိန်မှာဘာပစ္စည်းတွေနှင့်လုပ်ထားမှန်းမသိသည့်မျက်နှာတဝက်ကိုဖုံးအုပ်နိုင်သည့်ငွေရောင်မျက်နှာဖုံးတစ်ခုဖြစ်သည်။နှစ်နှစ်ထောင်လောက်ကြာသွားပေမဲ့သစ်လွင်နေဆဲဖြစ်ကာအလွန်လှပပြီးရှုပ်ထွေးသောပုံဒီဇိုင်းတွေကိုရေးထိုးထားသေးသည်။စွန်းထင်းနေတဲ့သွေးစအနည်းငယ်ကသူ့ရဲ့အလှတရားမှာရက်စက်မှုတချို့ပေါင်းထည့်ထားသလိုပင်။

သူမအနားကိုကိုင်းလိုက်ပြီးကြည့်လိုက်ချိန်မှာသူမကျင့်ကြံရေးနှင့်ဘာမှလုပ်မရတဲ့သာမန်ပစ္စည်းတစ်ခုဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာစိတ်ဝင်စားမှုတွေလွင့်ပျယ်သွားသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now