Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး

450 68 1
                                    

အဆင့်မြင့်မကောင်းဆိုးဝါးဖြစ်တာကြောင့် ကဝေမရဲ့အဆိပ်ဟာ အရမ်းပြင်းထန်သည်။ တစ်ကြိမ်အဆိပ်မိလိုက်ပါက သွေးကြောများအတွင်း အဆိပ်ဟာလျင်မြန်စွာ ပျံ့နှံ့သွားပြီး အဆိပ်မိသူ၏ ဆင်ခြင်နိုင်စွမ်းကို ဖယ်ရှားပစ်ကာ ရမ္မက်ဆန္ဒများအား ထွက်ပေါ်လာစေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကောင်လေးကယိုင်ထိုးလာပြီး မတ်တပ်ရပ်နေရာမှ တုန်ယင်လာသည်။ မှော်နက်ပညာရှင်၏ ဝတ်ရုံစအား ကိုင်ဆွဲထားသည့် လက်ချောင်းမျာမှာဖြူရော်လာပြီး အသံကလည်း ယခင်ကထက် အနည်းငယ်နက်ရှိုင်းနေလေသည်။

"ဆရာ..."

လိုင်ကမှော်နက်ပညာရှင်၏ လှပသည့်ဖြူဖျော့ဖျော့မျက်နှာလေးကို စိုက်ကြည့်နေသည်။ လည်ဇလုပ်ကလေးလှုပ်ရှားသွားပြီး မျက်လုံးများကိုမှေးကာ ရှေ့သို့အနည်းငယ်တိုးလိုက်ရင်း ထိုညို့ငင်နေသော နှုတ်ခမ်းများစီသို့ နီးကပ်လာရင်း...

ဝုန်းး

လေထဲမှရေခဲတမျှအေးစက်သည့်ရေများပြုတ်ကျလာပြီး လိုင်ခမျာရွဲရွဲစိုသွားကာ အရိုးထဲထိအေးစိမ့်သွားရှာသည်။

ဘေးမှမှော်နက်ပညာရှင်က ရေမန္တန်ကိုရွတ်ဆိုလိုက်တာဖြစ်ပြီး သူ့ကိုယ်မှာတော့တစက်တောင်စိုမနေပါ။ သန့်ရှင်းခြောက်သွေ့နေသည့်အသွင်အပြင်က စိုရွဲပြီးရှက်ကိုးရှက်ကန်းဖြစ်နေသည့် လိုင်နှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။

တောက် တောက် (ရေကျသံ)

လိုင်ရဲ့အဝတ်အစွန်းမှရေစက်လေးများကျနေပြီး အေးစက်လှသည့်အတွက် သူ့မျက်နှာမှအပူဟာလည်း ပျောက်ကွယ်သွားသည်။ ဆံပင်များကပါးမှာကပ်နေပြီး ကျိနင်းအားဝေဝါးဝါးမျက်နှာထားလေးနှင့် ငေးကြည့်နေရှာသည့်အတွက် ခွေးကလေးနှင့်တောင်တူနေသည်။

"နိုးလာပြီလား?"

မှော်နက်ပညာရှင်ကတည်ငြိမ်စွာမေးသည်။

"..." လိုင်ပါးစပ်ဖွင့်လိုက်ပေမဲ့ ဘာမှမပြောပေ။ သူ့မျက်နှာပေါ်မှရေများကို သုန်မှုန်နေသည့်မျက်နှာထားဖြင့် သုတ်လိုက်ပြီးနောက် ခေါင်းလေးငုံ့ကာ အသံတိုးတိုးဖြင့် "ဟုတ်.."

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now