မနက်မိုးလင်းက ဝင်လိုက်ရတဲ့ အတန်းချိန်နားရတယ် ကိုမရှိဘူး။
ကျောင်းတောင်မဖွင့်သေးဘူး အုပ်ကြီးတို့ကတော့ပညာပြနေပြီ။
"ဟေ့ရောင်...မျိုးဇင်ဦး မြန်မြန်လာကွ"
"မင်းကလည်းကွာ...ဘာဖြစ်နေတာတုန်းဟ"
"ဟိုမယ်..မင်းအဘကထမင်းချိန်ရောက်လို့ခွက်ကိုင်တန်းဆီဖို့ခေါ်နေပြီ"
"မြင်တယ်လေ"
"မြင်ရင်မြန်မြန်သေလာတော့"
ဒီကောင်ရဲရင့် ဘာဖြစ်နေတာလဲမသိဘူးအမြဲအရေးကြီးသုတ်ပြာအခုမှဟိုကစအော်တုံးပဲရှိသေးတာကို။
"အေးလာပြီဟ"
"နေအုံးကွ...ဟိုကောင်ငပြည့်ကိုသွားခေါ်လိုက်အုံး။
"မခေါ်နဲ့ငါလာပြီ"
"ဘယ်လိုလဲအတန်းချိန်လစ်ရတာ"
"ဟဲဟဲ"
အမှန်တော့ဖြိုးပြည့်အတန်းမတက်ချင်လို့ခေါင်းကိုက်သည်အကြောင်းပြပြီးအဆောင်မှာခေါင်းပြန်ခွေနေတာဖြစ်သည်။
"ဟင်းကလည်းကွာမနက်တိုင်းခရမ်းသီးဟင်းကြည့်ပဲကွာ"
"စောက်ရူးအတန်းချိန်ကျတော့လစ်ပြီးတော့ဟင်းကျတော့ဂျီးများနေသေးတယ်"
ရိုးမေဘာ်ဒါဆောင်ရဲ့မနက်ခင်းကတော့ဒီသုံးကောင်နဲ့ပဲပွစိညံစွာစတင်လာတော့၏။
သကြန်ပြီးကာလမို့ဘော်ဒါဆောင်ကိုလူသိပ်မရောက်သေး။ဘော်ဒါအုပ်ကသကြန်ပြီးနောက်ရက်တန်းခေါ်ပေမယ့်ကျောင်းသားများကအိမ်ကိုမခွဲနိုင်တာရယ်၊အစောရီးရှိသေးတယ်ရယ်နဲ့အကုန်မလာသေးတာဖြစ်သည်။
သူတို့အဖွဲ့ကိုတောင်အိမ်ကမိဘတွေကအတင်နှင်လွှတ်၍သာရောက်လာခြင်းဖြစ်သည်။
"ဟေ့...ကျောင်းသားသစ်တွေလာပြီရဲရင့်ကိုတို့အဖွဲ့အထုပ်တွေသွားသယ်ကူလိုက်အုံး"
"ဟုတ်...ဆရာကြီး"
အုပ်ကြီးကတော့လုပ်ပြီမနှစ်ထဲကဘော်ဒါဆောင်နေခဲ့တော့လူရင်းတွေလိုဖြစ်နေတာနဲ့ပဲနိုင်စားနေတာ။
VOCÊ ESTÁ LENDO
ဆည်းလည်းသံလေးချိုလှတယ် (Complete)
Açãoအထက်တန်းကျောင်းသားဘဝကအချစ်များကစစ်မှန်ခဲ့သလိုအချို့အချစ်ဦးတွေကလည်းနာကျင်စေခဲ့တယ်