Part -20

116 6 0
                                    

မနက်ဖြန်ကျရင် အဆောင်ကိုပြန်ရတော့မှာဖြစ်၍မားကဟင်းဗူးများထည့်ပေးရန်ပြင်ဆင်နေသည်။ရဲရင့်ကအသားဟင်းများထက်အသီးအရွက်များကိုပိုကြိုက်တာကြောင့်ချဥ်ပေါင်ရွက်အခြောက်ကျော်နှင့်ကြက်သွန်နီနှင့်ငါးခြောက်ရောကြော်ထားတဲ့ငရုတ်သီးကြော်ရယ်ကိုသေချာချက်ပြုတ်ပြီးဖန်ပုလင်းလေးထည့်ပေးထားသည်။ဒါဟာအဆောင်နေကျောင်းသားများအိမ်ပြန်လာတိုင်းမိခင်များကလုပ်ပေးနေကျအစဥ်အလာတစ်ခု၊အဆောင်မှာဘယ်လောက်ပဲအနေအထိုင်၊အစားအသောက်အဆင်ပြေပါတယ်ပဲပြောပြောကိုယ့်အိမ်လောက်တော့ဘယ်နေရာမှအဆင်မပြေ၊ကိုယ့်အိမ်ထက်ကောင်းတဲ့နေရာမရှိ၊ရဲရင့်အတွက်လည်းအဆောင်ကဘယ်လောက်ပဲအစားအသောက်အဆင်ပြေပါတယ်ပြောပြောအိမ်ကမားရဲ့လက်ရာကိုတော့မမီချေ၊ဒါ့ကြောင့်မားကသူအိမ်ပြန်လာတဲ့အချိန်တိုင်းအလိုက်တသိပြင်ဆင်ပေးလေ့ရှိသည်။

မီးဖိုချောင်ထဲကနေရှင်းသန်နဲ့အတူတူထွက်လာပြီးရှင်းသန့်ကိုအခန်းထဲအရင်ဝင်ခိုင်းကာမပြန်ခင်အိမ်ကလူတွေကိုအရင်နှုတ်ဆတ်ရအုံးမည်။

"မမငယ်....အရင်ကဒီစာအုပ်တွေကိုမမြင်ဘူးပါဘူး"

"အော်.... အဲ့တာလားနင်အဆောင်ရောက်သွားမှဝယ်ထားတဲ့ဟာတွေလေ"

ရှင်းသန့် ကအခန်းထဲဝင်သွားပြီမို့မပြန်ခင်မမငယ်ကိုနှုတ်ဆတ်ရန်မမငယ်ရဲ့အခန်းထဲဝင်လိုက်သည်။အရင်ကစာနှင့်ပတ်သတ်တဲ့အရာမှန်သမျှသူ့ရန်သူလုပ်ထားတဲ့မမငယ်ကအခန်းထဲမှာစာအုပ်တွေနဲ့ပြည့်နေတဲ့စာအုပ်စင်အကြီးကြီးနှစ်ခုထားထားသည်တဲ့၊ဝတ္ထုစာအုပ်များဆိုပေမယ့်ရိုးရိုးဝတ္ထုစာအုပ်များတော့မဟုတ်လောက် book coverတွေကအဆန်းတွေပြီးတော့အတွင်းပိုင်းမှာလဲ inner artတွေနဲ့ဖြစ်သည်။ဝတ္ထုစာအုပ်ပေမယ့်ဝတ္ထုစာအုပ်နဲ့မတူတာမို့ရဲရင့်ခေါင်းရှုပ်သွားရ၏။

"စပ်စုမနေနဲ့ အဲ့တာ  boy to boy Loveစာအုပ်တွေ"

"ဟင်"

"ယူဖတ်ချင်ယူဖတ်နော်....ရတယ်သိလား..ငယ်လေး...မမခွင့်ပြုတယ်..ကြိုက်တဲ့စာအုပ်ဖတ်"

အငယ်လေးမှာလန့်သွားတယ်ထင်ပါရဲ့၊မျက်လုံးပြူးမျက်ဆံပြူးနှင့်ပင်၊ဘယ်တတ်နိုင်ပါ့မလဲသူကလာစပ်စုတာကိုး...ကိုယ်ကဒီလိုအရာတွေနဲ့ပတ်သတ်ရင်သိပ်မရှင်းပြချင်ပါဘူးဆို...တစ်ခါတည်းနားလည်သွားအောင်စာအုပ်ပါယူဖတ်ခိုင်းလိုက်သည်။သူလည်းအခုခေတ်လူငယ်ပဲဒါတွေသိလောက်မှာပေါ့....အို...သိကိုသိနေလောက်ပါပြီ....၊မြူနှင်းဖြူဘဝကလည်း....အရင်က K drama fanကနေအခုတော့ GMM fanဖြစ်လာခဲ့ပြီ...အငယ်လေးရဲ့သူငယ်ချင်းမလေးကြည်ဖြူနိုင်ကျေးဇူးကြောင့်ပင်၊blစာအုပ်တွေထုတ်တိုင်းဝယ်လိုက်ရမှဆိုတဲ့ရောဂါကတော်တော်ကျွမ်းနေပြီဖြစ်သည်။ကိုယ်ပိုင်အလုပ်မယ်မယ်ရရမရှိသေးတာကြောင့်အမေ့ဆီကဘတ်လိုက်၊မမဆီကဘတ်လိုက်နှင့်ဘဝကသာယာနေပါသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Waar verhalen tot leven komen. Ontdek het nu